ဆယ်တန်းပြီးစ နွေရာသီ ကြိုက်တာကို ကြိုက်သလို လွတ်လွတ်လပ်လပ်လုပ်ခွင့်ရချိန်မှာ .. ငယ် အပျော်ဆုံးက အင်္ဂလိပ်သီချင်းခွေတွေ စိတ်ကြိုက်ဝယ်လို့ရခြင်းပါ။ ဆယ်တန်းပြီးတဲ့ နွေရာသီမှ မေမေက Sony Walkmanလေး ဝယ်ပေးပါတယ်။ သီချင်းတွေ အရမ်းကြိုက်တဲ့သူ့သမီးကို စာမှာ စိတ်ဝင်စားမှုပေါ့သွားမှာစိုးလို့ ဆယ်တန်းမပြီးမချင်း သီချင်းခွေတွေ စိတ်ကြိုက်ဝယ်ခွင့် မပေးသလို ငယ် အရမ်းလိုချင်တဲ့ Walkmanလေးလည်း ဝယ်မပေးပါ။ ကိုယ်အရမ်းနှစ်သက်တဲ့သီချင်းတွေ ကိုယ့်စိတ်ကြိုက် နားထောင်ခွင့်ရချိန်မှာ အားရပါးရ ဝယ်ထားတဲ့ ခွေတွေထဲမှာ J Lo ရဲ့ On The 6 အခွေလည်းအပါအဝင်ပေါ့။ အဲ့ထဲမှာမှ ဘာတွေဆိုနေမှန်းသိဖို့မပြောနဲ့ ဘာဘာသာစကားနဲ့မှန်းတောင် မသိပဲ ဆိုနေတဲ့ စုံတွဲသီချင်းကို lyrics စာရွက်ထဲမှာရေးထားတဲ့ စာသားတွေနဲ့ သူတို့ဆိုသံတွေကို တိုက်ပြီး အလွတ်လိုက်ကျက်ထားမိတဲ့ သီချင်းက Marc Anthony နဲ့ Jennifer Lopez ရဲ့ No me Ames ပါ။ ဘယ်လောက်ထိများအဲ့သီချင်းကို ရူးသွပ်မိခဲ့သလဲဆို .. မရ အရ လိုက်ကျက် .. နားထောင်မိတိုင်း မျက်ရည်လည်ခဲ့ရလောက်အောင် ရူးသွပ်ခဲ့ပါတယ်။ ဒါတောင် ဘာတွေဆိုထားမှန်း သိခဲ့တာ မဟုတ်ပါဘူး။ နေတာကလည်း ရန်ကုန်မှာမဟုတ် ငယ်ဆယ်တန်းပြီးစအချိန် ၂၀၀၁ လောက်တုန်းကလည်း အင်တာနက်က အဲ့လောက်ခေတ်စားသေးတာမဟုတ်တော့ အဲ့သီချင်းရဲ့ ဘာသာပြန်ကို ဘယ်လိုရှာရှာ ရှာလို့မရခဲ့ပါဘူး။
ကဲ .. ခုတော့ ….

No Me Ames (Don’t Love Me)

ဆို - Marc Anthony + Jennifer Lopez
ဘာသာပြန်ခံစား -  Marzo Love

Boy(B):ဘာလို့ငိုနေလဲ …

Girl(G):ပျော်လို့ပါ …

B        :နင့် အသံက ကွဲအက်အက်ခြောက်ကပ်ကပ်နဲ့ ..

G        :အထီးကျန်နေလို့ပါ ..

B        :ဘာလို့ ငါ့လက်ကို အဲ့လောက်တင်းတင်းကျပ်ကျပ် ဆုပ်ထားတာလဲ..
           နင် ဘာတွေများ တွေးနေတာလဲ ..

G        :ငါ နင့်ကို အရမ်းချစ်တယ် ..

B        :ဘာလို့လဲ

G        :ခေါင်းမမာချင်စမ်းနဲ့ … ငါ့ကို သံသယမဝင်စမ်းပါနဲ့ .. အနာဂတ်က ဘာတွေဖြစ်ဖြစ် .. ငါမကြောက်ဘူး။
           ငါနင့်ကို ချစ်ခွင့်ရနေချင်ရုံလေးပါ …။

B        :ငါ့ကိုမချစ်နဲ့.. နင်တွေးထားတာနဲ့ ငါနဲ့က တခြားစီ …

G        :နင်တွေးတာကရော မှန်တယ်ထင်နေလား… ငါတို့နှစ်ယောက် အချိန်တွေကို အတူတူ ဖြတ်ကျော်ကြစို့လေ..

B        :ငါ့ကိုမချစ်စမ်းပါနဲ့ .. အလိမ်အညာဆိုတာ ငါသိပြီးသား …

G        :နင့်အချစ်နဲ့ ငါနဲ့မတန်ဘူးလို့ နင်ထင်ရင် .. ရတယ် … ငါ့ကိုမချစ်နဲ့ .. ငါကတော့ နင့်နားကမခွာဘူး ..။

B        :ငါ့ကိုမချစ်ပါနဲ့ဟာ … ငါကလမ်းပျောက်နေပြီ .. ငါတို့ကမ္ဘာက ငါ့ကြောင့်ပြောင်းလဲခဲ့ရပြီ .. အဲ့တာ ငါ့ ကံကြမ္မာပဲ .. ဘယ်လိုမှမဖြစ်နိုင်လို့ပါ … ။
           ငါတို့နှစ်ယောက်က မှန်ရဲ့ အရိပ်တွေလိုပဲ .. (လက်တွေ့မှာမတွေ့ဆုံနိုင်ပေမယ့်) တကယ်တော့ ငါတို့နှစ်ယောက်က တစ်ယောက်တည်းပါ …။

G        :သေလုမျောပါးနောင်တတရားတွေနဲ့တော့ ငါ့ကိုမချစ်ပါနဲ့..။ ငါ့ကို ပြန်ပွေ့ဖက်ထားပေးရုံလောက်ပဲ ငါ့ကိုမချစ်ပါနဲ့ .. ။ လက်တွဲပြီး အခက်အခဲတွေကို ကျော်လွှားထိုးဖောက်ပျံသန်းနိုင်လောက်အောင် ငါတို့အချစ်က ထိုက်တန်ပြီးသားပါ …။

B        :ဘာပြောရမှန်းကို ငါတကယ်မသိတော့တာပါ ….။
           လူတွေက နင့်(စိတ်) ကို ထိခိုက်နာကျင် စေလိမ့်မယ်ကွယ် …

G        :အခုချိန် နင်နဲ့ ငါနဲ့ ခွဲရမယ်ဆိုရင်တောင် ဘယ်သူနဲ့မှ မသက်ဆိုင်ပါဘူး …
           ဒီကမ္ဘာကြီးထဲမှာ ငါ့ကို တယောက်တည်း မထားခဲ့ပါနဲ့ ..။

B        :ငါ့ကို မထားခဲ့ပါနဲ့ … မထားခဲ့ပါနဲ့ .. ငါနင့်ကို မချစ်ဘူးလို့ပြောတိုင်း နားမထောင်ပါနဲ့ မယုံလိုက်ပါနဲ့ဟာ ..။

G        :ငါ့ကို မထားခဲ့ပါနဲ့ … အဲ့ဒီမချစ်ဘူးဆိုတဲ့စကားနဲ့ ငါ့အသည်းကို မခွဲပါနဲ့ ..။

B        :ငါ့ကိုမချစ်ပါနဲ့တော့ … ငါ့ကိုထားခဲ့လိုက်ပါတော့ .. ငါတောင်းပန်ပါတယ် ..။

G        :ငါမလုပ်နိုင်ဘူးဆိုတာ နင်သိသားနဲ့ … ငါကတော့ အမြဲတမ်းချစ်နေမှာ …

B        :ငါ့ကိုမချစ်ပါနဲ့ဟာ … ငါ့ကနင့်ကို ဒုက္ခဖြစ်စေရုံသက်သက်ပဲ ငါ့နှလုံးသားက ဒီလိုနဲ့ပဲ အေးစက်ခဲ့ရပြီ ..

G        :ဝမ်းနည်းမှုတွေကနေ ရှောင်ပြေးပြီး ငါ့ကိုမချစ်ပါနဲ့..။ ငါနင့်ကို ချစ်နေလို့ နင်ငါ့ကို ပြန်ချစ်စေချင်ရုံလေးပါ ..

B        :ငါ့ကိုမချစ်ပါနဲ့ .. တနေ့နေ့တော့ ငါတို့နှစ်ယောက် ထာဝရ မခွဲမခွာရှိနေနိုင်မှာပါ …။

G        :ငါတို့ရဲ့ အချစ်က မုန်တိုင်းကြမ်းနောက်က နေရောင်လို .. ကြယ်စုတန်းတွေထဲက ကြယ်တံခွန်နှစ်စင်းလို..


~Marzo~ |03/11/2012 10:14 PM|

သီချင်းလေးကို ခံစားနားဆင်ချင်တယ်ဆိုရင်တော့  http://www.youtube.com/watch?v=H1c08XN_APY SaveFrom.net

Like ·

2 comments:

Vodka poker said...

I like your blog

Http://bk8login.asia
Http://hoki88.shop
Http://vodkapoker.one
Http://momo4d.bid

gametoto said...

Very interesting and very good blog

Gametoto
Astrototo

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner