ငှက်လေး တဂ်ထားတဲ့ ပဟေဠိကို မေးတုန်းကမေးထားပြီး အဖြေပြောဖို့ မေ့နေတယ်... အဟီးး (ဘူမှလဲ စိတ်ဝင်တစားသိချင်နေကြဘူး ထင်တာပဲ... ဒါပေမယ့် အိုက်တင်ဆက်ခံဦးမှ... ) အဖြေတွေပြောမယ်နော်...
နံပတ် (၁) အဖြေက လက်သည်းညှပ်တဲ့ အလုပ်လေ.... အဟိ... လက်တစ်ဖက်က ဒီလောက် အလုပ်ရှုပ်နေတာကို နောက်လက်တစ်ဖက်ကလည်း အားနေရက်နဲ့ ဘယ်လိုမှကို မကူနိုင်တာ... ဟီးးး

နံပတ် (၂) က တော့ ငယ်ငယ်တုန်းက မဂ်လာမောင်မယ် ထဲက ဖတ်ဖူးတဲ့ဟာပါ... လူ့အဆုတ်က စကာကွက်သေးသေးလေးတွေလိုနဲ့ ဖွဲ့စည်းထားတာတဲ့... အဲ့တာကို တလွှာတည်းဖြစ်အောင် ဖြန့်လိုက်ရင် တင်းနစ်စ်ကွင်းတကွင်းနီးပါး ကျယ်တယ်ဆိုပဲ... ( သက်တန့်ချိုရေ ဖတ်မိရင် ဟုတ်လား ပြန်ပြောပြဦးနော့်... ငယ်တော့ ဖတ်ဖူးတာကို ပြောတာ.... )

နံပတ် (၃) ကလည်း ဖတ်ဖူးတာပဲ... ဘဲတွေရဲ့ အသံတဲ့ဗျ.... ( နေဦး... အချိန်ရမှ ဘဲတကောင်လောက်ဖမ်းပြီး... ညောင်ဦးက ဂူကျောင်းတဲ့ ဂူတွေထဲဖမ်းသွားပြီး အော်ခိုင်းကြည့်ဦးမယ်.... )

အဟီးးး ဒါဘဲဗျာ...

အမတငယ် 27.08.2009; Thu; 12:04 P.M.
ချစ်သူသို့

ချစ်သူ့မျက်နှာ၊ သာသည့်လမင်း၊
ငွေရောင်လင်းလို၊ တမ်းတမှန်းမျှော်၊
အိပ်မပျော်ည၊ ကျော်ဖြတ်ရသည်၊
အသက်မျှချစ်သူ သိပါစေ။

လမင်းငွေရောင်၊ တိမ်မည်းမှောင်ကြား၊
ပုန်းကာသွားသော်၊ မျှော်ရသူမော၊
စောကြောစိတ်ဖြာ၊ မနေသာသည်၊
ချစ်သူလမင်း လင်းပါစေ။

လရောင်ဆန်းမှ၊ လန်းမယ့်ငွေကြာ၊
ပဒုမ္မာလို၊ ဝတ်ရည်ပိတုန်း
နှစ်ကိုယ်ပြူံးဆိုင်၊ ဆုံးတိုင်ချစ်မည်၊
ချစ်သူထွေး၍ နွေးပါစေ။

အမတငယ်

ငယ် ကျောင်းတုန်းက ရေးထားတာပါ...။ ကဗျာစည်းမသိဘာမသိနဲ့ စိတ်ထဲရှိသလိုရေးထားလို့ ရီနဲ့နော်....

အမတငယ် 26.08.2009; Wed; 7:13 P.M.

ဒုတိယအမှန်တရား

ဒုတိယ........ လူ
ဒုတိယ........အိပ်မက်
ဒုတိယ........ နေရာ
ဒုတိယ......... လမ်း

လျှောက်လှမ်းရမယ့်...........အတူတူ
ပထမအသက်............. မျက်ကွယ်ပြုပြီး
မနက်ဖြန်အတွက်
လက်ကျန်အသက်နဲ့
နှစ်ယောက်တည်းသာ
လျှောက်ပါရစေ

တခြားတဖက်မှာ
တခြားတစ်ယောက် ........ ရှိသလို
ဟော့ဒီ ........... တဖက်မှာ
အခြားတစ်ယောက်
အခြားတသက် .......... မရှိလေတော့
မရှိမဲ့
ရှိမဲ့
ဒီအသက်
အမှားအတွက်ပဲ ....... ရှင်သန်နေရသလိုလို
ဓားတစ်လက်ဆွဲ ......... ယှဉ်ပြိုင်ရမလိုလိုနဲ့
ရင်မှာငို
ပြိုကျ
အချစ်က
အိုစာလှပါပြီ။

ဒုတိယ.......... ဘဝ
ဒုတိယ .......... ကံကြမ္မာ
ဒုတိယ ............ သံသရာ
လိုရာဖန်တီးလို့ရခဲ့ရင်
ဒုတိယအမှန်တရား
ရှိပါ့ဦးမလား

အမှန်တရား............. လို့
ဘယ်သူတွေ
ခဏခဏ ....... ပြောနေကြတာလဲ
အမှန်တရား...... အကြောင်း
ကောင်းကောင်းသိချင်ရင်
မျိုသိပ်တတ်အောင်ကြိုးစားပါ

ဒါပေမယ့်
တစ်ချိန်ချိန်မှာ
အမှန်တရားဟာ
သူ့ဥခွံထဲကနေ
သူ့အလိုလိုခွဲထွက်လာပြီး
အတောင်ပံမဲ့စွာ
ပျံသန်းနေလိမ့်မယ်
လောလောဆယ်တော့........
ဒုတိယအမှန်တရား
ရှိလား......... ?
ရှိရင်
ငါ
တွေ့ဖူးချင်တယ်...................။

ရေးသားသူ - ချစ်သူကို

ဆားချက်တယ်ပဲခေါ်မလား... သူများကဗျာ ယူတင်တာလေ..။ အဟီး... ။ ငယ် သူ့ကဗျာကို ကြိုက်လို့ ခိုးထားတာ ကြာလှပြီ..။ သူတောင်မသိဘူး.. အဟိ..။ ခုမှ စိတ်ကူးပေါက်လို့ သူ့ဆီက ခွင့်တောင်းပြီး တင်ထားတာပါ..။ ကဲ... သူငယ်ချင်းတို့ရေ... ချစ်သူကို ရဲ့ ဒုတိယအမှန်တရား လေးကို ခံစားပေးပါဦးနော့်...

ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင့်..။

အမတငယ် 26.08.2009; Wed; 6:50 P.M.


Monday, August 24, 2009

ပင့်ကု

ပင့်ကူ

မာရ်နတ်ရဲ့ အပြုံးနဲ့
ရက်စက်တယ်လို့
အမည်တပ်ခံရပေမယ့်
တကယ်တမ်းတော့..
သူကိုယ်တိုင်က
သူ့ကွန်ရက်ထဲက
ရုန်းမထွက်တတ်သူပါလေ....။

အမတငယ် 24.08.2009; Mon; 11:36 P.M
မေလေးရဲ့နားနေရာ: သူနဲ့အတူ


သူနဲ့အတူ

ထပ်လို့ရနိုင်သမျှ
ခြေရာတွေထဲမှာလည်း
ၾကည္နူးရႊင္ပ်
ပျော်ဖူးချင်ရဲ့....သူနဲ့အတူ ။
အနီးက ရွက်ဝါ
အဝေးက လိပ်ပြာ
မြင်မြင်သမျှမှာလည်း
ပြုံးရွှင်ပျော်မြူး
ရယ်ဖူးချင်ရဲ့....သူနဲ့အတူ ။
တစ်ယောက်တစ်ဖက်
ခိုင်မြဲ တွဲလက်
ထာဝရတိုင် မြဲမယ်လို့လည်း
ယုံကြည်ချင်ခဲ့ ....သူနဲ့အတူ ။
ဒါပေမယ့်လေ
မျှော်ဖူးခဲ့တဲ့ အပျော်
ပြုံးချင်ဖူးတဲ့ အရယ်
ယုံချင်ခဲ့တဲ့ တွဲလက်
သူမဖျက်ပါဘဲ
သူမတွယ်လေအောင်
ကိုယ်ကပင် ဝေးစေရမည်မို့.....
မမြင်နိုင်သော နှောင်ကြိုးလေးများ: ကျွန်မလည်းတရားခံတစ်ယောက်ဖြစ်ခဲ့ဖူးပါသည်

ဒီပိုစ့်လေး က ငယ် ဘလော့တွေလျှောက်လည်ရင်း ဖတ်မိတဲ့ပိုစ့်လေးပါ.. ဖတ်ရင်းနဲ့ ကြိုက်လာပြီး ငယ့်အတွေးတချို့ကိုလည်းဆွေးနွေးချင်တာနဲ့ ဒီပို့စ်ရေးတဲ့ဘလော့ပိုင်ရှင် မစန္ဒီမိုးမြင့်ကို ခွင့်တောင်းခဲ့တာပါ....

တောင်းရမ်းတဲ့သူတွေ (တောင်းစားတဲ့သူတွေလို့ မသုံးချင်လို့ပါ ) များလာတဲ့နောက်ပိုင်းမှာ ငယ်လည်းစိတ်တိုင်းမကျခဲ့ဘူး...။ စိတ်တိုင်းမကျခဲ့ဘူးဆိုတာက သူများတွေ (တချို့ တချို့တွေ) မြင်သလို ကျက်သရေ မရှိဘူး ဘာညာ အဲ့လိုမဟုတ်ပါဘူး...။ စိတ်မကောင်းဖြစ်မိတာပါ...။ တောင်းရမ်းသူတွေများလာတယ် ဆိုတာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအတွက် ကောင်းတဲ့ လက္ခဏာတစ်ရပ်တော့ မဟုတ်ဘူးလေ...။ ကြီးကျယ်လိုက်တာ ပဲ ဆိုချင်ဆို အဲ့လိုပဲစတွေးမိလို့ပါ...။ ငယ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာကိုတော့ အရမ်းချစ်ပါတယ်...။ ဘယ်နိုင်ငံကိုရောက်ရောက် ဘယ်နိုင်ငံက ဗမာတွေကိုဘယ်လိုပြောပြော.. နင်ဘာလူမျိုးလဲမေးရင် နင်ဘယ်ကလာလဲမေးရင် ဗမာ မြန်မာပြည်က လာတာလို့ပဲ ခေါင်းမော့ဖြေတတ်တာ ငယ့်အကျင့်ပါ...။ (လွဲတော့မယ် တော့ပစ်.. ) ။ အဲ့ဒီတော့ ကိုယ့်နိုင်ငံမှာအဲ့လိုမျိုးဖြစ်နေတဲ့အတွက် စိတ်မကောင်းတာပါ...။ နောက်တခုက အဲ့ဒီတောင်းတဲ့သူအတွက် စိတ်မကောင်းတာပါ..။ ကိုယ်ခန္ဓာက အလုပ်တစ်ခုခုကို မလုပ်နိုင်လောက်အောင်ချို့ယွင်းနေတယ်... ဒါမှမဟုတ် အိုမင်းမစွမ်းဖြစ်နေတယ် ဆိုရင်တော့ ငယ် ထည့်ပါတယ်..။ ကလေးငယ်တွေ၊ ကလေးးပွေ့ထားတဲ့ သန်သန်မာမာ အမေတွေတော့ မထည့်ဘူး...။ သူတို့တွေကိုတွေ့ရင် ငယ်အမြဲမီးခိုး ကြွက်လျှောက် တွေးမိတယ်..။ ဘာလို့အလုပ်မလုပ်ချင်ကြတာလဲ..။ ဘာလို့ သူများထက် တဆင့်နှိမ့်တဲ့ ဘဝကို မှ ရွေးချယ်ခဲ့ကြတာလဲ...။ သူလဲလူ ကိုယ်လဲလူကို ဘာလို့ သူများရဲ့ အထင်သေးတဲ့ တဆင့်နှိမ့်ကြည့်ထားတဲ့ မျက်လုံးအောက်မှာ နေချင်ရတာလဲ...။ ငယ့်ဖေဖေက ပြောဖူးတယ်...။ သန်သန်မာမာကြီးနဲ့ တောင်းတဲ့လူတွေကို တွေ့ရင် ငယ်အမြဲပြောလို့လေ...။ ဒီလောက်သန်သန်မာမာကြိးနဲ့ ဘာလို့ တောင်းတဲ့ဘဝမှာ နေချင်တာလဲလို့... ။ ငယ် အဲ့လိုမေးတိုင်းလဲ ဖေ ပြန်ဖြေနေကြ အဖြေက အဲ့လို တောင်းစားကတည်းက သူတို့က လူတွေအားလုံးထက် တဆင့်နိမ့်တဲ့ဘဝကို သူတို့ကိုယ်သူတို့ နှိမ့်ချလိုက်ရပြီတဲ့... ။ ငယ့်ဖေဖေက လာတောင်းတဲ့လူတိုင်းကို ထည့်နေကြပါ...။ ငယ်ကတော့ ဖေ ဘယ်လိုပြောပြော ငယ် မှန်တယ်ထင်လို့ မထည့်ဘူး...။ ဟုတ်တယ်လေ... ဘယ်သူက သူတို့ကိုနှိမ့်ချနေလို့လဲ...။ သူတို့ဘာသာ သူတို့ ဒီလမ်းးကိုရွေးခဲ့တာ... ။ လက်ဖက်ရည်ဆိုင်မှာ ထမင်းဆိုင်မှာ ပန်းကန်ဝင်ဆေးလေ..။ စားပွဲထိုးလေ..။ သန့်ရှင်းရေးလုပ်လေ...။ အလုပ်ရှားနေတယ် နေရာမပေးချင်ကြဘူး မပြောပါနဲ့....။ ကိုယ့် ဝီရိယနဲ့ ပဲ ဆိုင်ပါတယ်...။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ...။ (သူခိုးအလုပ်တို့ ငလိမ်အလုပ်တို့တော့ မဟုတ်ဘူးပေါ့ )။

ဒါသူတို့ရဲ့ အတိတ်ကံကြောင့်မလွှဲသာလို့လို့ရော ပြောဦးမလား...။ ကံဆိုတာအလုပ်ပါ..။ ရှေးကံကြောင့် မတတ်သာလို့ ဒီဘဝကို မရောက်ချင်ပဲ ရောက်ခဲ့ရပါတယ်ဆိုရင်ရော...။ ဒီဘဝထဲမှာပဲ ရေစုန်မျောလိုက်တော့မှာလား...။

နောက်တခုက ကလေးတွေကို တနေ့ဘယ်လောက်ရမှအိမ်ပြန်ခဲ့ဆိုပြီး ခိုင်းနေတဲ့ အမေတွေပါ...။ သူတို့မှာ မိခင်စိတ်ဆိုတာ မရှိတော့ဘူးလား တွေးမိတယ်...။ လက်ဦးဆရာ ဘဝမှာ သူတို့က ပြန်ခိုင်းနေတယ်ဆိုတော့ မိဘ ဆိုတာ တခါတလေ သားသမီးတွေရဲ့ ရန်သူလို့ ပြောခဲ့ဖူးတဲ့ ဆရာတော် ရှင် အာဒိစ္စ (စာရေးဆရာ ဦးဆန်းလွင်) ရဲ့ စကားကိုပဲ ထပ်ခါထပ်ခါ ထောက်ခံမိပါတော့တယ်...။ သူတို့ အဲ့လောက်တွေးမိဖို့ ဥာဏ်မမီဘူးလို့ပြောဦးမလား...။ ဒါဆို မိခင်စိတ် ကရော....။ တိရစ္ဆာန်တွေတောင် သူတို့သားသမီးတွေကို ပစ်ထားဖို့မပြောနဲ့ အသက်နဲ့ရင်းပြီး ကာကွယ်ကြတာပါ...။ မိခင်ဆိုတာ အဲ့တာပါ...။ ဖခင်ထက်ကို ပိုပြီး သားသမီးအတွက် အသက်နဲ့ရင်းရဲတာ မိခင်ပါ...။ အဲ့တာကို သူတို့က တနေကုန် သွားချင်ရာသွား နေချင်သလိုနေ စားချင်သလိုစား အိမ်ပြန်လာရင် တယောက်ကို ၅၀၀ ပါလာရင်ပြီးရောတဲ့...။ တနေကုန် ဘာဖြစ်ဖြစ် သေသေရှင်ရှင် အိမ်ပြန်လာရင် ငါးရာစီပါလာရင်ပြီးတာပဲပေါ့...။ စားဝတ်နေရေးကြောင့်လို့ လွှဲမချပါနဲ့...။ ဒါဆို သူအလုပ်ထွက်လုပ်လေ...။ မစန္ဒီရဲ့ ပိုစ့်ထဲက မိန်းမဆို နဂိုလုပ်နေတဲ့ ပန်းရံအလုပ်ကိုတောင် မလုပ်တော့ဘူးတဲ့...။ သူက သူများကလေးကိုတောင် ငှားပြီးတောင်းစားလိုက်သေးတယ်တဲ့...။ ဖြစ်မှဖြစ်ရလေ...။ သူတို့ဘာသာသူတို့ ကိုယ့်ဘဝကို နှိမ့်ပြီး ရေသာခို အချောင်လိုက်နေတာကိုတော့ ငယ်က ကြားထဲကနေ ကိုယ့်ပိုက်ဆံအကုန်မခံနိုင်ပါဘူး...။ ကိုယ့်သဒ္ဓါစိတ်နဲ့ကိုယ် အလှူလို့သဘောထားပြီး ပေးကမ်းနေတဲ့ သူတွေကိုတော့ မတားလိုပါဘူး...။ ဒါ သူတို့ လွတ်လပ်ခွင့်နဲ့သူတို့လေ..။ အမှန်တော့ လူတစ်ဦးစီရဲ့ ပင်ကိုယ်စိတ်ဓာတ်ပါပဲ...။ နောက်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်း တိုးတက်မှုပေါ့...။ အဲ့လိုပြောပေမယ့် နိုင်ငံကြီးတွေမှာလဲ begger တွေ ရှိနေတာပါပဲ..။ ငယ်က ယေဘုယျ ပြောတာပါ...။

သူတို့အပေါ်မြင်တဲ့ ငယ့်အတွေး ငယ့် အမြင်က စိတ်ထား နူးညံ့တဲ့ သနားစိတ် ကရုဏာစိတ် ကြီးမားတဲ့ သူတွေရဲ့ အတွေးနဲ့တော့ ဆန့်ကျင်ဘက်ပါ...။ အဲ့အတွက် အဲ့လိုစိတ်ရှိတဲ့သူငယ်ချင်းတို့ရဲ့ အမြင်နဲ့ကတော့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေမှာလေ...။ နေရာတော်တော်များများမှာ ဖေဖေ့အယူအဆ အတွေးအခေါ်တွေ အားကျလွမ်းမိုးခံရတဲ့ ငယ် က ဒီနေရာမှာတော့ ဖေနဲ့ တောင် ဆန့်ကျင်ဘက်ဖြစ်နေပါတယ်....။ ဒါပေမယ့် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတယ်မဟုတ်လား...။ အဲ့လိုပြောပေမယ့် ငယ် သူတို့ကို ဘယ်တော့မှ နှိမ့်ချတဲ့အကြည့် မတူမတန်တဲ့အပြုအမူ မျိုးတခါမှ မပြုမူခဲ့ဖူးပါဘူး..။ "မရှိသေးဘူးကွယ်.. ကန်တော့ပါတယ်ရှင့်.." အဲ့လိုပဲပြန်ဖြေနေကြပါ...။ တခါတလေလည်း သူတို့တွေ (အဓိကကတော့ ကလေးငယ်လေးတွေ) ဘေးနားလာရပ်နေရင် ဘယ်လိုမှ စိတ်ထဲမနေနိုင်တော့ရင် ငယ်စားနေတဲ့စားပွဲပေါ်မှာ လာတင်ထားတဲ့ အချိုပွဲတို့ဘာတို့ယူပေးလိုက်ပါတယ်...။ ပြီးတော့ ကိုယ်ပိုက်ဆံရှင်းလိုက်တယ်လေ...။ သူငယ်ချင်းတို့နဲ့ ငယ့်အမြင် မတူညီခဲ့ရင် ... သူငယ်ချင်းတို့လည်း လွတ်လပ်စွာ ယူဆ ထင်မြင်နိုင်ပါတယ်...။ ငယ့်အမြင်ကို ငယ့်ဘက်က ဆွေးနွေးပြောပြရုံပါ....။ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတယ်ဟုတ်....။

အမတငယ် 22. 08. 2009. Sat: 7:00 PM
အဟက်...
ပထမဆုံးတဂ်ထားခံရတာ ဥာဏ်စမ်းနဲ့တိုးနေလို့ ရင်တုန်သွားတာပဲ... အလိုလိုမှ ဥာဏ်က ခပ်ကောင်းကောင်းဆိုတော့... အဟိ..
ငယ်ငယ်တုန်းက တေဇတို့ ရွှေသွေးတို့မှာ ဥာဏ်စမ်းပါရင် အဖြေမှန်စာမျက်နှာဆိုတာ အရင်ရှာပြီးသွားကြည့်တာ ဟီးးး... အဲ့တော့ဖြေလိုက်တိုင်းမှန်နေတာချည်းပဲ... အဟက်...
ထုဟာကတော့ အဟိ.. ရတယ်...
နံပါတ် ၁ အဖြေက ၂ ယောက်လုံးဘူမှမြင်ဘူး... နစ်လိုက်မြုတ်လိုက်ဖစ်နေတာပါဆိုမှ... အဟင့် ငါးမရလို့ ရွှေအိုးလေးများရမလားလို့... တူတိတ်ချိုးတာဗြဲ ထော်တော့ဘူး တွား ... လူချိုး....

နံပါတ် ၂ အဖြေက အဟိ ၂ ထာတောင် သေချာအောင်မြှောက်လိုက်ရတယ် (အဟက် calculator နဲ့ဆိုမှားမှာစိုးလို့ စိတ်နဲ့ရော ချပြီးရောကိုမြှောက်ထားတာနော်... ဘာမှလာမငြင်းနဲ့ဗျ.. )

၃၁၂၅

ဟုတ်တယ်ဟုတ်...

ငှက်ပေါက်စ ဘာဆုချမှာလဲ ကျော...

ဟီးးး ရှက်လိုက်တာ... အဟိ... ကိုယ့်ကို ဥာဏ်စမ်းပြန်မေးခိုင်းတာတောင်တိဘူး... ခက်တီတီနဲ့ အဖြေတွေ တစ်ယောက်တည်းထအော်နေတာ... အဟက်... ပြီးတော့ဖြင့် အဖြေက အမှားကြီး.... အဟင့်... တေချင်တယ် တေချင်တယ်.. မတေရဲတေးလို့..

ငှက်ပေါက်စ တွေ့မယ် တွေ့မယ် တရဲမယေး....

ဟွန့် .... သူများတွေလို ခက်ခက်ကြီးမေးပါဘူး တို့ က .... စိတ်ချ... ( အမှန်တော့ သိမှမသိတာ... )

ကဲ မေးပြီ

အဟမ်း အဟမ်း...
၁။ လက်တဖက်က အားနေရက်နဲ့ နောက်လက်တဖက်အလုပ်ရှုပ်နေတာကို ဘယ်လိုမှမကူနိုင်တာ ဘာအလုပ်လဲ..... (သိပြီးသားဆို ရီနဲ့နော် )

၂။ လူ့အဆုတ်ကို ဖြန့်ခင်းလိုက်ရင် ဘယ်လောက်နီးနီးကျယ်လဲ?

၃။ ဘယ်အသံမဆို ပဲ့တင်သံဆိုတာရှိတယ်နော်.... ဒါပေမယ့် သူတို့အော်ရင် ပဲ့တင်သံမရှိဘူးတဲ့ အဲ့တာ ဘာကောင်လဲ?

အဟိ... နာတိတာတထုမှပါဘူး... ဟိုဟို ဒီဒီ ဖတ်ဖူးထားတာတွေ ပြန်စဉ်းစားပြီးချရေးလိုက်တာ ... (အဖြေကတော့ အေးဆေးမှပေါ့နော့်... အဟိ.. သူ့မေးခွန်းဂျီးတွေက အိုင်းစတိုင်းတောင် ထိုင်ငိုလောက်တာဆိုတော့... ခွိ )

ကဲ ဘာတတ်နိုင်သေးတတုန်း ဒေါ်ဒေါ်ငှက်....
အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့ လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး
“ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ်ပေးနိုင်မလဲ” လို့အော်ဟစ် အကူအညီတောင်းလိုက်တယ်။
ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့
ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့်
ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။
ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက
“ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး
ငွေစက္ကူတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီး
“ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။
ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့်
ဘေးလူတစ်ယောက်က
“ပိုက်ဆံရှိသူတွေရဲ့ စကားကို မယုံနဲ့” ဆိုပြီးလှမ်းဆွဲလိုက်တယ်။
အဲဒီအချိန်မှာ ကလေးငယ်တစ်ဦးက ထွက်လာပြီး
“ကျွန်တော် ကူမယ်” လို့ပြောလိုက်တယ်။
ကလေးငယ်က ကားအောက်ထဲဝင်ပြီး ဝက်အူကို ကျပ်ပေးလိုက်တယ်။ တစ်မိနစ်တောင်
မကြာတဲ့အချိန်နဲ့ ကားအောက်က ထွက်ပြီး ကားပိုင်ရှင်ကို
မျှော်လင့်ချက်မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကားပိုင်ရှင်က ကလေးငယ်ကို အခုနားက
ငွေကိုလှမ်းပေးမယ်အလုပ်မှာ အမျိုးသမီးက -
“ဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ ပဲပေးလိုက်ပါ” လို့ ဝင်ဟန့်တယ်။
ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကိုလှမ်းပေးလိုက်တယ်။
ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားက
ဝေဖန်သံတစ်ချို့ထွက်လာတော့ ကားပိုင်ရှင်က အကြွေ တစ်ချို့ ထပ်ပေါင်းပြီး ကလေးကို
ကမ်းပေး ပြန်တယ်။ ကလေးငယ်က ခေါင်းခါပြန်တော့ စိတ်ဆိုးပြီး
“ဘာလဲ? မင်းကနည်းသေးတယ်လို့ ထင်လား? နည်းတယ်ထင်ရင် လုံးဝမပေးတော့ဘူးနော်” လို့
အော်လိုက် တယ်။
“နည်းတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဆရာမက ပြောပါတယ်။ လူတွေကို ကူညီတာ
အကျိုးအမြတ် ရဖို့အတွက် မဟုတ်ပါဘူး” လို့ ကလေးငယ်က ပြန်ပြောတော့
“ဒါဆို မင်းဘာဖြစ်လို့ မသွားသေးတာလဲ?” ကားပိုင်ရှင်က စိတ်ပျက်လက်ပျက်
မေးပြန်တယ်။
“ခင်ဗျားဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်စောင့်နေတာပါ”
လို့ ကလေးက ပြန်ပြော လိုက်တယ်။

လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေး ကြောက်ဖို့ကောင်းမှန်း
ဒီပုံပြင်က ပြော သွားခဲ့ပါတယ်။ တူညီတဲ့ အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က
ကြည့်ရင်တစ်မျိုး၊ တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စတဲ့ အမြင်မတူတာတွေ
ရှိတတ်ကြတယ်။ ဘာသာစကားက လူတွေကြားမှာရှိတဲ့ လွဲမှားတဲ့ နားလည်မှုကို
အဆက်အသွယ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ဘာသာစကားက လူတွေရဲ့ ကြားအထင်
အမြင်လွဲမှားမှုကို တကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ
မရှိသင့်တဲ့ အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?


ဒီနေ့ညနေမှ ဒီစင်ကာပူက ငယ့်သူငယ်ချင်း ဆွေ (ဆွေဇင်မြင့်) ပို့လိုက်တဲ့ Forward Mail လေးပါ... ငယ်တခါတလေ Fwd mail တချို့ကို စိတ်ညစ်တယ်။ ဘာတွေမှန်းမသိလို့ Fwd mail ဆို သိပ်မဖတ်ဖြစ်ပါဘူး။ ဒီ Fwd လေးကတော့ ခေါင်းစဉ်လေး (Fwd: ကျေးဇူးစကား တစ်ခွန်းတော့ပြောပါ ) ကို မြင်လိုက်တာနဲ့စိတ်ဝင်စားသွားတယ်...။ ဘယ်သူကစရေးပြီး ဘယ်သူကစ fwd လုပ်တာလဲမသိပေမယ့် မူရင်းရေးတဲ့သူနဲ့ စပြီး fwd လုပ်ပေးတဲ့သူကိုကျေးဇူးပါ...။ ငယ် ဖတ်မိမိချင်းပဲ သဘောကျလို့ ငယ်ပြောချင်နေတာလေးလည်းရှိလို့ ငါ့ဘလော့မှာ တင်မယ်ဆိုပြီး ချက်ချင်းစဉ်းစားမိပါတယ်..။ အဖြစ်အပျက်လေးထဲကလိုပါပဲ..။ လူတစ်ချို့ (အထူးသဖြင့် ငွေကြေးတတ်နိုင်တဲ့ လူ့ ဘူဇွာ တချို့ ) က ကျေးဇူးစကားဆိုရမှာကို ရှက်တာလား.. မပြောချင်တာလား.. မလိုအပ်ဘူးလို့ထင်တာလား .. ငယ်စဉ်းစားလို့မရဘူး..။ ငယ်ကတော့ ကျေးဇူးစကားဆိုရတာ ရင်ထဲကကိုနှစ်သက်တာပါ..။ တခုခုဆို ကျေးဇူးနော်.. ကျေးဇူးပါရှင့်ဆိုတာ အကျင့်ကိုပါနေတာ...။ ဟုတ်တယ်လေ.. ။ ငွေပေးခိုင်းတာပဲဖြစ်ဖြစ် သူ့ဘက်က ငွေရချင်ရုံသက်သက်ကြောင့်လုပ်တာပဲဖြစ်ဖြစ် သူ ကိုယ့်ကို တစ်စုံတစ်ခု လုပ်ပေးလိုက်တယ်ဆိုကတည်းက သူ့အချိန် သူ့အင်အား ကို အသုံးပြုလိုက်ရတာပဲလေ...။ မှတ်မိသေးတယ် .. ငယ် နဲ့ ငယ့်သူငယ်ချင်းနဲ့ တက္ကသိုလ်တုန်းက ကျောင်းကအပြန်လမ်းမှာ လမ်းဘေးမှာထိုင်ပြီး ရောင်းနေတဲ့ ပဲမြစ်ပြုတ်သည်ဆီက ပဲမြစ် ဝယ်စားကြတယ်..။ သူ့ပဲမြစ်လေးတွေက တင်းပြီး ဆီသုတ်ထားတော့ ပြောင်နေတာပဲလေ..။ မြန်မာအစားအစာဆို အကုန်ကြိုက်တဲ့ငယ်က စားချင်လို့ဆိုပြီးဝင်ဝယ်တယ်...။ နေပူကျဲတဲမှာ ခမောက်ကလေးတစ်ခုပဲခေါင်းမှာဆောင်းထားပြီး ဖိနပ်ကို ခုထိုင်ထားတဲ့ ဈေးရောင်းသူ မိန်းကလေးကို ကြည့်ပြီး သနားတာလဲပါပါတယ်..။ ငယ်တို့နဲ့ ရွယ်တူလောက်ပဲ ရှိဦးမှာပါ... ။ (ဒါနဲ့စကားက ဘေးချော်တော့မယ်။ သိတယ် ကိုယ့်ကိုယ်ကို.. )။ အဲ့တာနဲ့ ငယ် လည်း ခါတိုင်းလိုပဲ ဝယ်ပြီးသူက ပဲမြစ်ထုပ်လေးနဲ့ ငွေအကြွေပြန်အအမ်းကို လှမ်းယူရင်း ငယ့်ပါးစပ်က အလိုအလျောက် "ကျေးဇူး" လို့ ပြောလိုက်တယ်..။ ဈေးသည်လေးကလည်း ပြူံးပြီး ကျေးဇူး ပေါ့...။ ငယ်တို့ဆက်ထွက်လာရင်း လမ်းတဝက်မှာ ငယ့်သူငယ်ချင်းက "နင်တော့ ငါ့အဖေနဲ့ဆို အဆဲခံရတော့မယ်" တဲ့... ။ ငယ်လည်း အူကြောင်ကြောင်နဲ့ "ဟ.. ဘာဖြစ်လို့တုန်းဟ အရင်းမရှိအဖျားမရှိနဲ့" ပေါ့...။ သူက
"နင်ခုနတုန်းက ဈေးသည်ကို ဘာပြောလိုက်လဲ"
"အွန် ဘာပြောလို့လဲ..."
"နင်ပဲ ကျေးဇူးဆို"
"အေးလေ... အဲ့တာဘာဖြစ်လဲ"
"ဟ.. သူက ငွေလိုချင်လို့ရောင်းတာ... သူ့ကုန်ပစ္စည်းကို နင်ကဝယ်တာ.. နင့်ကိုတောင်ပြန်ကျေးဇူးတင်ရဦးမှာကို" တဲ့...
အဲ့သူငယ်ချင်းက ငယ့်အချစ်ဆုံးသူငယ်ချင်းပါ... ၅ တန်းကနေ တက္ကသိုလ် ပထမနှစ်အထိ တွဲလာခဲ့တဲ့ စိတ်တူကိုယ်တူသူငယ်ချင်းပါ...။ သူအဲ့လိုပြောလိုက်တော့ ပထမ ငယ် အံ့သြသွားတယ်..။နောက် သူ့ဖေဖေကို နည်းနည်းစိတ်ထဲမှာ impression down သွားတယ်.. ။ သူတို့မိသားစုက ငွေကြေးအတော်အတန်ပြည့်စုံတဲ့မိသားစုပါ... ပွဲရုံလုပ်ငန်းလုပ်တယ်...။ ငယ်တွေးမိလိုက်တာက ငွေရှိတဲ့လူတန်းစားတွေက သူတို့ငွေရှိလို့ သူတို့ငွေပေးနိုင်လို့ ကျန်တဲ့လူတွေက သူတို့ကိုပဲကျေးဇူးတင်ရမယ်များထင်နေလား မသိဘူးလို့ပါ..။ ငယ်တကယ်ပဲ အဲ့လိုချက်ချင်းတွေးမိလိုက်တာပါ...။ တကယ်ပဲ သူတို့ခေါင်းထဲမှာအဲ့လိုအတွေး ရှိနေကြတာလား...။ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားလေးက မိနစ်ဝက်တောင်မကြာပါဘူး... အဲ့စကားလေးပြောလိုက်လို့လဲ ဘာကူးစက်ရောဂါမှ မကူးစက်မဝင်ရောက်နိုင်ပါဘူး..။ နှလုံးလည်းအားနည်းမသွားပါဘူး.. ။ ဦးနှောက်လည်း ချို့ယွင်းမသွားပါဘူး...။ လေကုန်သွားတယ်လို့ ပြောဦးမယ်ဆိုရင်တော့ သူ့တို့တနေ့တနေ့ပြောနေတဲ့ အရည်မရ အဖတ်မရ အတင်းအဖျင်းတွေ.. အလိမ် အညာတွေ ... ဟန်ဆောင်စကားတွေမှာ အလဟဿကုန်ဆုံးသွားတဲ့ လေတွေထက်တော့ တန်ဖိုးရှိပါတယ်...။ ငယ့်သူငယ်ချင်းကိုလည်း ငယ်ဘာမှမပြောလိုက်ပါဘူး .. ။ "ပြောလိုက်လို့လည်း အပန်းမှမကြီးတာပဲဟာ" လို့ပဲပြောလိုက်ပါတယ်...။ ပြောလည်း ရန်ဖြစ်ဖို့ကလွဲပြီး အကျိုးမထူးဘူးလေ...။ သူနဲ့ငယ် အဲ့ကိစ္စကိုလည်းဆက်အငြင်းမပွားဘူး... သူလည်းသူ့ဘာသာ နေသလို ငယ်လည်း ငယ့်ဘာသာ ကျေးဇူးလို့ ပြောနေမြဲပါ...။ ခုထက်ထိ.. ငယ်သတင်းစာဝယ်ရင်တောင် " Thank you. Bye Bye " ဆိုတာပြောနေကြပါ... ။

သူငယ်ချင်းတို့ရယ်.... ကျေးဇူးစကားဆိုရတာ ဘယ်လောက်များပင်ပန်းလဲ...။ စိတ်ဓာတ်ခွန်အား ကာယအင်အား တခုခုများချို့ယွင်းပျက်စီးသွားလို့လား... ။ ကမ္ဘာပေါ်မှာ "အားနာလိုက်တာ" ဆိုတဲ့စကားက ငယ်သိသလောက် မြန်မာလုမျိုးမှာပဲရှိပေမယ့်.. "ကျေးဇူးတင်ပါတယ်" ဆိုတာတော့ လူမျိုးတိုင်းမှာ ရှိပါတယ်...။ ဒါကိုကြည့်ရင် အားနာတတ်ဖို့ လူမျိုးတိုင်းနားမလည်ပေမယ့်.. ကျေးဇူးတင်ဖို့ လူသားတိုင်း နားလည်ကြတယ်ဆိုတာပါပဲ...။ ကျေးဇူးတင်ပါတယ်လို့ပြောခံလိုက်ရလို့ပြုံးပြတဲ့အပြုံးနဲ့ ငွေရသွားလို့ပြုံးတဲ့ အပြူံးမှာတောင် ပါဝင်တဲ့ လှိုက်လှဲဝမ်းသာမှု အချိုးစားချင်းတူမယ်မထင်ပါဘူးလေ...။ ဒါကြောင့် သူငယ်ချင်းတို့ရယ်... ကျေးဇူးတင်ပါတယ်ဆိုတာလေး တခွန်းပြောလိုက်လို့.. နူသွား ဝဲမသွားပါဘူး..။
အပြုံးလေးနဲ့ပြောလိုက်ပါ.... ကျေးဇူးတင်ပါတယ် လို့...

အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်...

အမတငယ် 17. 08. 2009. 8:55 PM
Thursday, August 13, 2009

IF (အကယ်၍ )


ငယ် ဒီကဗျာကလေးကို စဖတ်ဖူးကတည်း နှစ်ချိုက်ခဲ့တာပါ... တကယ့်ကို သံမဏိစိတ်ဓာတ်တစ်ခု ကို ပုံပေါ်နိုင်အောင် ရေးထားနိုင်စွမ်းရှိတဲ့ ကဗျာလေးပါ...။ ဟိုနေ့ကမှ ငယ့်ဆီကို မူရင်းကဗျာလေးနဲ့ မူရင်းကဗျာဆရာ နာမည်ကို Fwd mail ရောက်လာလို့သိရတာပါ... ။ ပို့ပေးတဲ့ အွန်လိုင်းသူငယ်ချင်း မမ ဆွေမာ နဲ့ စပြီး Fwd mailဖြန့်ပေးတဲ့ သူငယ်ချင်း (ဘယ်သူမှန်းတော့သိဘူး ) ကိုလည်း ကျေးဇူးပါ.. ။ အားလုံး ခံစားအားယူနိုင်ကြပါစေ......

If
[By Rudyard Kipling (1865 - 1936)]

If yor can keep your head when all about you,
Are losing theirs and blaming it on you,

If you can trust yourself when all men doubt you,
But make allowance for their doubting too,

If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or, being hated, don't give way to hating,
And yet don't look too good, nor talk too wise,

If you can dream and not make dreams your master,

If you can think and not make thoughts your aim,

If you meet with Triumph and Disaster,
And treat those two impostors just the same,

If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build'em up with worm-out tools,

If you can make one heap of all your winnings,
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings,
And never breathe a word about your loss,

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which say to them "Hold on!",

If you can talk with crowds and keep your virtue,
Or walk with kings nor lose the common touch,

If neither foes nor loving friends can hurt you,

If all men count with you, but none too much,

If you can fill the unforgiving minute,
With sixty seconds' worth of distance run,

You are is the Earth and everything that's in it,
And- which is more - you 'll be a man, my son!



ဒါက အန်တီစု ရဲ့ ဘာသာပြန်ပါ... ။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာတော့မဟုတ်ပေမယ့်... မြန်မာဘာသာပြန်လေးက ပိုပြီး အားအင်ပေးသလိုပဲ..။ ဘာသာပြန်သူကိုယ်တိုင်က ကဗျာကို သရုပ်ဖော်နေသလို ဖြစ်နေလို့လားတော့မသိဘူး....

အကယ်၍

အကယ်၍
မင်းအသိုင်းအဝိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်..

အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာ ဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်...

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘဝတစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်...

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်..
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်...
ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင်..

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်..
အဲ့ဒိလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲ့ဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်..

အကယ်၍
စောင့်သင့်တဲ့ အချိန်ကိုစောင့်နိုင်ပြီး
အဲ့ဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်..
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်..
ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်..
ပြီးတော့
မင်းကိုယ်မင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ပဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင်...

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေပဲ စိတ်ကူးနိုင်မယ်ဆိုရင်..
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်..

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်...

အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်...
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်....

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်..

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇည်တွေ ထားမနေဘူးဆိုရင်....

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်..

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကိုဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့....
အဲ့ဒီတော့
မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။



လူတိုင်းဟာ သူ့ခံယူချက်နဲ့သူပါ..။ ကိုယ်ခံယူချက်ကို ကိုယ့်ဖာသာမှန်တယ်လို့ ယူဆတာနဲ့ သူများခံယူချက်ကို မှားတယ်လို့ မသတ်မှတ်သင့်ဘူးလေ.. ။ ငယ့်မှာလည်း ငယ့်ယုံကြည်ချက်နဲ့ငယ်၊ ငယ့်ခံယူချက်နဲ့ ငယ်ပါ..။ ငယ့်ယုံကြည်မှုကို လက်မလွှတ်ပေးမယ့် သူများယုံကြည်ချက်ကိုလည်း တဆင့်နှိမ့်မကြည့်တတ်ဘူးလေ..။ အဲ့လို "ငါမှန်တယ် နင်မှားတယ်" လို့ တထစ်ချပြောတဲ့လူရဲ့စိတ်မှာလည်း ဘယ်တော့မှ လွတ်လပ်မှုအစစ်ကို မရနိုင်ပါဘူး..။ အဲ့တော့ ငယ့်ပိုစ့်ကလေးကို လာဖတ်ပေးတဲ့ သူငယ်ချင်းတို့ရဲ့ ခံယူချက်က ဘယ်လိုပဲဖြစ်နေနေ.. ကဗျာလေးကို အဖြူတိုင်းပဲ open mind လေးနဲ့ခံစားပေးပါ.. ။ ဒီကဗျာလေးက တန်ဖိုးရှိလွန်းလို့ပါ...။

အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေရှင်...။

အမတငယ် 14.08.2009 , 3:22 PM



နောက်ဆုံးတော့......

'ငယ်ရေ... ငယ်.. အိမ်ကဖုန်းလာတယ်...'
'ဟုတ် မ.. လာပြီရှင့်...'

ပြန်အော်ရင်း အဆောင်အောက် ဖုန်း ရှိရာကို အပြေးဆင်းလာခဲ့တယ်.. စာမေးပွဲနီးပြီမို့ တနှစ်လုံး ပစ်ထားသမျှ အခုမှ စာက စ လုံးရေ စ ပဲရှိသေးတယ်။ ဒီလိုအချိန်ဆို ကော်ဖီမစ် နှစ်ထုပ်ပူးကို ရေနွေးခွက်တဝက်နဲ့ ဖျော်သောက်လည်း ငယ့် မျက်လုံးတွေက မြေကြီးရဲ့ ဆွဲအားကို ဘယ်လိုမှ မလွန်ဆန်နိုင်ဘူးလေ..။ ကော်ဖီသောက်တာ အကြောင်းပြပြီး စကားတွေ ပြောနေတုန်းက မျက်လုံးက အကောင်း...။ စာအုပ်နဲ့ပြန်တွေ့လိုက်ရင် ဘယ်လိုဖြစ်လို့ မှေးမှေးသွားမှန်းမသိ။ ခုလည်း အိပ်ချင်လာလို့ ကော်ဖီဖျော်သောက်ရကောင်းမလား စဉ်းစားတုန်း မေ့ဖုန်းလာတာလေ..။ ငယ် စာမေးပွဲနီးနေချိန်ဆို.. အနားမှာ ရှိနေသလို မေမေက တဂွမ်ဂွမ် ဖုန်းဆက်တတ်ပါတယ်..။ မေ မဆက်လည်း ငယ်က တဂွမ်ဂွမ် ဆက်နေတာကိုး..။

'ဟယ်လို မေကြီး..'
'အေး.. သမီးလေး စာတွေရပြီလား..'
'မေ့မီးပဲ.. ဟာဟ အေးဆေးပါမေရယ်...'
'အမလေး ဟုတ်ပါ့ရှင်... နေရောကောင်းရဲ့လား.. အန်နာဗွန် စီ ရော သေချာသောက်ရဲ့လား'
'ဟုတ်.. သောက်ပါတယ် မေကြီးရဲ့.. နေလည်းကောင်းတယ်.. မေရော.. နေကောင်းရဲ့လား..'
'မေမေ့ကို မပူနဲ့ မေမေက နေကောင်းတယ်... သမီးသာ စာသေချာကျက် နေကောင်းအောင်နေ..'
'ဟုတ်.. ဖေကြီးရော.. '
'သမီးဖေဖေက ခရီးသွားနေတယ်သမီးရဲ့.. ဖေဖေရော မေမေရော နေကောင်းတယ်..။ သမီးကို ပြောမလို့..'
'ဟုတ် မေ..'
'စာမေးပွဲနောက်ဆုံးနေ့ကျ မေမေတို့လာကြိုမယ်.. ပြီးရင် မန္တလေး ကို ဆက်သွားမယ်... ဘယ်လိုလဲ'
'ဟေး............... ဒါမှ ငယ့်မေမေကွ..'
'သြော် သြော်... သိပ်မသွားချင်ဘူးထင်တယ်..'
'ဟဲ ဟဲ.. သြော် မေ....'

နေနိုင်ရော... ဘယ်လိုနေလဲ... ဘာတွေဖြစ်နေလဲ.. ဘာတွေလုပ်နေလဲ.. မေ့ ကိုမေးလိုက်ရရင် ကောင်းမလား..။ မေကြီးက သူ့အကြောင်းကို မလိုအပ်ပဲ မေးတာ သိပ်မကြိုက်ဘူးလေ..။ ဘယ်လိုစမေးရင် ကောင်းမလဲ..။

'အင်း ပြောလေ သမီး..'
'သြော်...ဟုတ်... ဘာမှဟုတ်ဘူး မေကြီး.. ငယ့်ကို မပူနဲ့လို့.. ငယ်စာကြိုးစားနေပါတယ်လို့...'
'ဟုတ်ပါပြီရှင် မေ့သမီးက လိမ္မာပြီးသားဆိုတာ မေသိတာပေါ့..'
'ဟုတ် ...'
'အေး ဒါဆို ဒါပဲလေ သမီး.. မေမေ လူနာတွေရောက်နေလို့ မနက်ဖြန်မှထပ်ဆက်လိုက်မယ်နော်...'
'ဟုတ်...မေ.. ဒါဆို တာ့တာ'

*****

'ဟေး... ကျွတ်ပြီ လွတ်ပြီ ကွ..'

အချိန်စေ့ဘဲလ်သံနဲ့အတူ ပြိုဆင်းလာတဲ့ ကျောင်းသားထုတွေကြားမှာ ငယ်တို့သူငယ်ချင်းတွေလည်းအတူတူပေါ့...။ စာမေးပွဲဆိုတာကြီးပြီးသွားလို့ ပျော်တဲ့အပျော်ရယ် ဘယ်တော့မှ ပြန်ဆုံဖြစ်မှာမှန်းမသိတော့တဲ့ သူငယ်ချင်းတွေနဲ့ ခွဲရတော့မယ်ဆိုတဲ့ အသိကြောင့်ဝမ်းနည်းတဲ့စိတ်ရယ် ရောနေတဲ့ ခံစားချက်ကြီးက ဘယ်လိုမှန်းကို မသိတာပါ..။

'ဟဲ့.. ငါ ငိုချင်တယ်ဟာ'

ရုတ်တရက် ပြောချလိုက်တဲ့ ချောရဲ့ စကားကြောင့် ငယ်တို့တွေ အသံတိတ်သွားကြတယ်။ ရုတ်တရက်မတိုင်ပင်ပဲ ကျောင်းကြီးကို ပြိုင်တူပြန်လှည့်ကြည့်မိတော့ ကျောင်းကြီးကတော့ ငယ်တို့ကို နှုတ်ဆက်ကြည့်နဲ့ပဲ ကြည့်နေသလိုလို...။ အလိုမတူပဲ ခွဲခွာရခြင်းတွေ မရှိရင် ဒီကမ္ဘာကြီးက ဘယ်လောက်ပျော်ဖို့ကောင်းလိုက်မလဲလေ..။ ဆုံဆည်းခြင်းဆိုတာ ခွဲခွာဖို့ အကြောင်းရင်းဆိုတာ သိထားပေမယ့် ခုထိ ခံနိုင်ရည် မရှိသေးတာ ငယ်ပဲ မရင့်ကျက်သေးတာလား.. ။

'နင်ကလည်းဟာ... ဖုန်းဆက်လို့ရတာပဲကို.. ဘာဖြစ်နေတာလဲ... နင်သာငါတို့ကို ဖုန်းဆက်ဖို့မပျင်းနဲ့..'
'အင်.. နင်တို့နဲ့ခွဲရမှာမို့လို့ ငိုချင်တယ်လို့ပြောလို့လား.. ဟိုမှာတွေ့ဘူးလား အဟင့်.. ငါတို့ရဲ့ king လေး.. သီဟ .. အဟင့်.. သူ့မျက်နှာလေးကို တွေ့ခွင့်လေး မရှိတော့လို့ ငိုချင်တာ..'
'အစုတ်ပလုတ်မ.. '

ငယ်အပါအဝင် ကျန်တဲ့သူငယ်ချင်းတွေအကုန် ဒင်းကို ဝိုင်း ဗျင်းကြရင်း ရီသံတွေဆူညံသွားတယ်..။ ဒါ တက္ကသိုလ်ကျောင်းသူဘဝလေးရဲ့နောက်ဆုံးထွက်သက်ပဲ ထင်ပါရဲ့...။

*****
ပျော်ရွှင်ချင်ယောင်ဆောင်နေတဲ့သူငယ်ချင်းတွေ မျက်နှာကို မြင်ရတာ ငယ် ဝမ်းနည်းလိုက်တာ... ။ ငယ် အမုန်းဆုံးက ငယ် ချစ်တဲ့သူတွေနဲ့ ခွဲခွာရချိန်လေ။ အဲ့တာထက်ပိုမုန်းတာက ခွဲကြတဲ့အချိန်မှာ ကျန်နေခဲ့ရတဲ့အဖြစ်ပါ..။ ငယ် ဘယ်တော့မှ ကျန်ခဲ့ရတဲ့လူ မဖြစ်ချင်ဘူး..။ အဆောင်ပြန်ရောက်တော့ မေ တို့ ရောက်နှင့်နေပြီလေ...။ အိမ်က ကားကို မြင်လိုက်တာနဲ့ ချက်ချင်းသဘောပေါက်သွားတဲ့ သူငယ်ချင်းတွေက မျက်နှာတွေပျက်သွားကြပါတယ်...။ ငယ် စာမေးပွဲပြီးပြီးချင်း မေတို့လာခေါ်မယ်လို့ ငယ် သူတို့ကို ပြောမထားခဲ့ပါဘူး..။ စိတ်မကောင်းဖြစ်မှာစိုးလို့ပါ။ ခုတော့လည်း မထူးပါဘူးလေ။ သူတို့ နည်းနည်းတိတ်သွားကြတော့ ငယ်လည်းငိုချင်လာတယ်..။

'မိငယ်.. နင်က အဲ့လိုလား..'
'အာ... မဟုတ်ပါဘူးဟာ ချောရာ.. တကယ်ပါ.. ငါတို့မန္တလေး ဆက်သွားမှာ.. ဖေကြီး ခွင့်ရက်က အကုန်ကွက်တိတွေ ဖြစ်နေလို့ပါဟာ.. ငါ နင်တို့စောစောသိရရင် စောစောစိတ်မကောင်းဖြစ်ပြီး ငါတို့ရဲ့တက္ကသိုလ်ကျောင်းသူဘဝ နောက်ဆုံးအချိန်လေးတွေကို လွတ်လွတ်လပ်လပ် မပျော်ရမှာစိုးလို့ပါဟာ..'
'အေးပါ ဟုတ်ပါတယ် ချောရယ် နင်ကလည်း ငယ် စိတ်မကောင်းအောင် မလုပ်ပါနဲ့တော့.. ငါတို့ မဟုတ်လဲ ခွဲရမှာပဲကို.. '

ငယ့်အသံတွေ တုန်လာတော့ မွန် က ဝင်ပြောပေးရင်း ချော ကို နှစ်သိမ့်လိုက်တယ်..။ လွယ်အိတ်တွေချပြီး ငယ့်ကို ပစ္စည်းတွေကူသိမ်းပေးရင်း ဒီဟာက ယူမှာလား ဟိုဟာက ဘယ်ထဲထည့်မှာလဲဆိုတာထက် ဘာမှ ပိုမပြောကြတော့ ငယ် ပိုဝမ်းနည်းလာသလိုပဲလေ..။ ငယ့်ပစ္စည်းတွေ အကုန်လုံး ကားပေါ်တင်အပြီးမှာတော့ ငယ်တို့မလိုချင်ဆုံး တကယ်ခွဲခွာရချိန် ကိုရောက်လာခဲ့ပါတယ်..။ ဒါပေမယ့် ချစ်ဖို့ကောင်းတဲ့ ငယ့်သူငယ်ချင်းတွေက ငယ် ဝမ်းနည်းလွယ်တာကိုသိနေတဲ့အတွက် ဟာသတွေပြောရင်း စရင်းနောက်ရင်း လက်ပြ ကျန်ခဲ့ကြပါတယ်..။ တဖြည်းဖြည်းဝေး သွားတဲ့ ငယ်တို့ကားလေးကို လေးယောက်သား ဖက်ရင်းရပ်ကြည့်ကျန်နေခဲ့တဲ့ မြင်ကွင်းက ငယ့် တသက် ဘယ်လိုမေ့ရက်ပါတော့မလဲ သူငယ်ချင်းတို့ရယ်...။ ငါ ကျန်ခဲ့ရတဲ့သူ ဖြစ်မှာကြောက်လို့ အရင်ဆုံးခွဲထွက်လာခဲ့တာပါ... ။ တချိန်ချိန်မှာ ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ် သူငယ်ချင်းတို့ရယ်..။

*****
'မေကြီး... သမီးငယ်ကို ပြောပြလိုက်လေ'
'အော် ပြောမှာပါ ဖေကြီးရယ်... နေပါဦး'

အင် မေတို့ဘာတွေပြောနေတာလဲ...

'ဘာလဲဟင် မေကြီး...'
'သြော်... ဘာမှမဟုတ်ပါဘူး သမီးရယ်... နေနိုင့်အကြောင်းပါ...'

ဟင်... နေနိုင်.. ဘာဖြစ်လို့လဲ.. နေနိုင်ဘာဖြစ်လို့လဲ... ငယ် အသက်ရှုမဝတော့ဘူး.. ဘယ်လိုမှအသက်ရှုလို့မရတော့ဘူးလေ..

'မေ.. မှန်နည်းနည်းချပေး...'
'ဟင်.. မူးလို့လား သမီး..'
'မဟုတ်ပါဘူး.. လေ ရှုချင်လို့..'

ဒါပေမယ့် နေနိုင့်အကြောင်းလည်း သိချင်သေးတယ်...။ ဘာတွေဖြစ်နေလို့လဲ ချစ်သူရယ်...။ ငယ် စိတ်ပူလို့ပါ..။

'မေ.. နေနိုင် ဘာဖြစ်လို့လဲ...'
'မပြောချင်ပါဘူးသမီးရယ်... မေမေတို့ ဒီမလာခင်လေးတင်လေ.. ဆေးထိုးတာမိသွားလို့ အဖမ်းခံရတယ်လေ..'
'ဟင်...'

မှောင်သွားတယ်... ရုတ်တရက် မှောင်အတိကျသွားတယ် ထင်တာပဲ...။ ပြီးတော့ မွန်းလာတယ်.. ။ ငယ်.. အသက်ဘယ်လိုမှ ရှုလို့မရတော့ဘူး..။ ရက်စက်လိုက်တာ..။ ရက်စက်လိုက်တာ..။ နင် တော်တော်ရက်စက်တာပဲ ချစ်သူရယ်...။ နင် င့ါကို ဘာချစ်တာလဲ...။ ဘာချစ်တာလဲ..။ နင်ငါ့ကိုချစ်တယ်ဆိုတာ ဘာလဲ..။ နင့်အတ္တကိုနင်ချစ်တာ..။ နင် ငါ့ကို ချစ်တာမှမဟုတ်တာ..။ နင့်ကိုယ်နင်ချစ်တာ..။ နင့်အတ္တတွေကိုနင်ချစ်တာ..။ နင့်ကိုငါချစ်တယ်ဆိုတဲ့ နင်ပြောနေကြစကားက ငါ့ကိုပြောတာမှ မဟုတ်ပဲ။ နင့်ကိုယ်နင် ပြန်ပြောနေတာပဲ..။ နင့်ကိုယ်နင်ထက် င့ါကို ပိုမချစ်ခဲ့ပါလား ချစ်သူရယ်...။

'သမီးငယ်... ဘာဖြစ်လို့လဲ..'
'ရှင်..ဘာဖြစ်လို့လဲ မေမေ'
'သိဘူးလေ.. ငိုနေတာလားလို့..'

ငယ် ရှိုက်လိုက်မိလား.. မသေချာဘူး..။ မသေချာဘူးဆိုတာထက် မသိလိုက်ဘူး။

'ဟုတ်ပါဘူး... '

ငယ် ညာလိုက်တယ်။ ငယ် မေ့ကို ဒီတခါပဲညာပါရစေမေမေရယ်...။

လမ်းဘေးမှာ နေကြာခင်းတွေ...။ ငယ်ကြားဖူးတဲ့ ပုံပြင်ထဲမှာတော့ ပြန်လာမယ်လို့ပြောခဲ့တဲ့ ချစ်သူနေနတ်သားလေးကို နေထွက်နေဝင် တနေကုန်တဲ့အထိ လိုက်ကြည့်နေရင်း ပန်းလေးဖြစ်သွားတဲ့ကောင်မလေးကို အကြောင်းပြုပြီး အဲ့ဒီပန်းလေးကို နေကြာပန်း (sunflower )လို့ ခေါ်တာတဲ့..။ နေကြာပန်းလေးရေ... မင်းမော့ကြည့်နေတဲ့ နေနတ်သားလေးက မင်းကို မချစ်ပါဘူးကွာ... ။ မင်းကသာ သူ့စထွက်ချိန်ကနေ သူပျောက်ကွယ်သွားချိန်ထိ မျက်တောင်မခတ်ပဲ တစိမ့်စိမ့်ကြည့်ရင်း ချစ်နေပေမယ့်.. သူက သူ့ကိုယ်သူထက် ဘယ်သူ့ကိုမှ ပိုမချစ်ဘူး..။ သူ့ကိုယ်သူထက် ဘယ်သူ့မှ ပို မ ချစ် ဘူး....။

*****
အဆုံးတခုဖြစ်သွားတဲ့အစ

'ဟဲ့.. မိငယ်.. ဟဲ့'
'ဟင်..'
'အမလေး ဒေါ်ဒေါ်ငယ်... ကျွန်မ အသက်ထွက်တော့မယ် ခေါ်နေတာ..'
'အော.. အင်း .. ပြော..'
'အင်.. ပြော တဲ့.. ငါမေးနေတာလေ.. နင့်ကို မေးနေတာ.'
'ဟင်.. သြော်.. အင်း..'
'ဟာ... မိငယ်.. အောတွေရော အင်းတွေရော.. ငါ စိတ်ရှည်လာပြီ နင့်ကို..'

ကြားထဲကနေ ထက်ထက်ကဝင်ပြီး..

'အာ... မိယဉ်မွန်.. နင်လေ.. ကလေးလည်း တစ်ယောက်ရနေပြီ.. အလိုက်ကမ်းဆိုးကိုမသိဘူး..'
'အမ်.. ဘလိုင်းကြီး ပြောပြန်ပြီ.. ဘာမှလည်းမဆိုင်ဘူး..'
'အေး.. ဒါဆိုလည်း ပြန်မယ်..'
'အင် .. ဘာမှလည်းမဆိုင်ဘူး..'
'ဆိုင်တယ် မိငယ် မေမေ စိတ်ပူနေလိမ့်မယ်.. နင်လည်း ကလေးကို ယောက်ျားနဲ့ထားခဲ့ပြီး အပျိုလုပ်မနေနဲ့.. နင် ယောက်ျားကြီးနဲ့မှန်း တမြို့လုံးသိတယ်...'
'အင်.. ထုပြန်ပြီ.. ဘလိုင်းကြီး..'
'ဟား ဟား ဟား....'

ငယ်တို့ အကြော်ဆိုင်လေးက ပြန်တော့ နည်းနည်းတောင် မှောင်နေပြီ.. ကျောင်းပြီးကတည်းက ရန်ကုန်မှာပဲ နေပြီး သင်တန်းတွေ တက်ရင်းအလုပ်လုပ်နေခဲ့တာ ဘာလိုလိုနဲ့ ဆယ်စုနှစ် တဝက်စာတောင် ရောက်မှန်းမသိ ရောက်သွားခဲ့ပြီ။ ငယ် ဒီမြို့လေးကို ပြန်မရောက်ဖြစ်တာ ၅ နှစ်တောင်ရှိသွားပေမယ့်.. တိုက်တွေ ဆိုင်ခန်းလေးတွေ နည်းနည်း ပိုတိုးလာတာက လွဲလို့ဘာမှမပြောင်းလဲသေးဘူးလေ...။ တစ်စုံတစ်ယောက် မရှိတော့တာ တခုပဲလေ..

'ငယ်..'
'အင်း ပြော.. ထက်'
'နင်.. နေနိုင်ဘယ်တော့ပြန်လွတ်မှာလဲ သိလား..'
'ဟင့်အင်း မသိဘူး... '
'အင်း.. ထားလိုက်ပါတော့ဟာ.. ငါလည်း မေးကြည့်တာပါ.. ခုနက ယဉ်မွန်နင့်ကို နေနိုင်အကြောင်းမေးတာ နဲ့ သတိရသွားလို့ပါ... ဒါနဲ့ နင် ဂျပန်ကိုကျောင်းသွားတက်မယ့်ကိစ္စကရော'
'အင်း.. နောက် ၂ လလောက်နေရင် ကျောင်းဖွင့်ပြီလေ..'
''ဒါဆို နင် နောက်နှစ်လဆို သွားပြီပေါ့..'
'အင်း.. '
'အင်း ကောင်းတယ်.. ငါတို့ကိုတော့မေ့မသွားနဲ့နော်..'
'အာ.. နင်ကလည်း.. မေ့စရာလား.. ဒီမြေမှာ..ငါ့တစ်ဘဝစာ အမှတ်တရတွေချည်းပါပဲ သူငယ်ချင်းရယ်..'

ဘယ်တော့မှ ကျန်နေခဲ့သူ မဖြစ်ချင်ခဲ့တဲ့ငယ်....
ခုလည်း ငယ့်ကို ထွက်သွားခွင့်ပြုပါ မြို့လေးနဲ့ တစုံတယောက် ရယ်......။



ပြီးပါပြီ။

အမတငယ်
၇ သြဂုတ် ၂၀၀၉ 1:30 PM


အခန်း ၅။


ဘာလိုလိုနဲ့ ငယ်တောင် ကျောင်းပြီးတော့မယ်လေ...။ ခုဆို နောက်ဆုံးနှစ် ဒုတိယ နှစ်ဝက်ပြန်တက်ရတော့မယ်..။ ငယ်တို့သူငယ်ချင်း ၅ ယောက် အုပ်စုမှာ ဘယ်သူမှ ကျောင်းမှာ ရည်းစားမထားကြဘူး..။ စ နောက် ပျော်ရွှင် ရင်းနဲ့ပဲ အချိန်ကုန်ကြရအောင်လို့ တိုင်ပင်မထားကြပေမယ့် ကျောင်းမတက်ခင်ကတည်းက ရည်းစားရနှင့်တဲ့ အေးခိုင် တယောက်ပဲ ရည်းစားရှိတာ..။ ငယ်တို့ကျန်တဲ့လေးယောက်က စနောက် တာကလွဲလို့ တကယ် အတည် ရည်းစားစကား လာပြောရင် ရှောင်တတ်ကြပါတယ်..။ ဝုန်းဒိုင်းဝုန်းဒိုင်း လျှောက်လည်မယ်၊ မုန့်စားမယ်၊ စမယ်၊ နောက်မယ် ဆိုတာကလွဲလို့ တက္ကသိုလ်ကျောင်းသူဘဝကို ရည်းစားကြီးနဲ့ အချိန်ကုန် မခံချင်ကြဘူးလေ..။ ခုတော့ သူငယ်ချင်းတွေနဲ့ ခွဲရတော့မယ်လေ..နောက်လေးလ ကျောင်းတက်ပြီးရင်....။

'ငယ်..'
'အမလေး.. လန့်လိုက်တာ နေနိုင်ရယ်..'

သူငယ်ချင်းတွေနဲ့ ကျောင်းအကြောင်းတောင်စဉ်ရေမရ လျှောက်တွေးနေတုန်း ဒန်းဘေးနားကို နေနိုင်က ဘယ်တုန်းကရောက်နေမှန်းမသိဘူးလေ..။ ဒါကြောင့် သူ့ ခေါင်းလိမ်းဆီနံ့တော့ ရလိုက်သလိုလို ထင်သား... ။ သူက တခါတလေ အဲ့လိုပဲ..။ ငယ်က သူရောက်လာတာကို အမှတ်တမဲ့နဲ့ မသိရင် မခေါ်ပဲ ကြာကြာ ကြည့်နေသေးတာ...။ သူရှိမှန်းသိရင် ငယ့် ကိုယ်ပိုင်အမူအရာလေးတွေ တချက်တချက် ပျောက်ပျောက်သွားလို့တဲ့...။ ငယ်ကတော့သိပါဘူး...။ သူ့လိုတရားဝင်ကြည့်ခွင့်မရတဲ့သူဆိုတော့.. သူတခါတလေ ဇတ်လမ်းမှာ စိတ်ဝင်တစားကြည့်နေရင်၊ မေ နဲ့ စကားပြောနေရင်၊ ငယ့်ကို စကားပြောရင် အဝေးကို ငေးနေရင် ခိုးကြည့်နေရင်းနဲ့ပဲ ချစ်နေရတယ်လေ..။ ငယ့်အချစ်တွေကို မပေးသေးတာ ငယ့်ကို မငြိုငြင်ပါနဲ့ချစ်သူရယ်...။

'အမလေးဗျာ... လန့်ရလောက်အောင် ဘာတွေ စဉ်းစားနေလို့လဲ.. ဘာလဲ ကျောင်းမှာကျန်ခဲ့တဲ့ ချစ်ချစ် အကြောင်းလား..'
'အာ... နင်ကလည်း သိရက်သားနဲ့ .. ငါ ကျောင်းမှာ ရည်းစားမှမရှိတာ..'
'အေးပါ.. ။ ငယ်'
'ဘာလဲ ဟ.. ပြော..'
'နင် မပြန်ခင် ငါ့ကို စိတ်ချမ်းသာအောင်ပြောခဲ့ပါလား.. ဟာ'
'အာ.... နင်ကလည်း'
'ဟုတ်တယ်လေ.. နင်ဘာလို့ငါ့ကို အဖြေပြန်မပေးသေးလဲ ငါသိပါတယ်..'
'ဘာလို့တုန်း..'
'နင် အန်တီ့ကို ကြောက်နေတာ မဟုတ်လား..'
'မေမေ့ကို ငါကြောက်တယ် ဆိုတာထက် ချစ်တာ... ချစ်လို့ မေမေ စိတ်ညစ်မယ့်ဟာမျိုး မလုပ်ချင်ဘူး.. ငါ့ဘဝမှာ မေမေထက် ဘာမှပိုအရေးမကြီးဘူး..'
'အင်း.. ငါသိပါတယ်..'
'နင်မသိပါဘူးဟာ.. နင် ငါ့ကိုနားမလည်ပါဘူး...'
'နားလည်ပါတယ်.. ငါသိတယ်.. ငါ နင့်ကို အကုန်သိတယ်.. နင့်မေမေတို့ထက် နင့်ကိုနားလည်တယ်...'

နားလည်ရက်သားနဲ့များနေနိုင်ရယ်...။ ငါ့ကိုနားလည်ရက်သားနဲ့များ... ။ ငါ ငါ့ရင်ခုန်သံတွေကို ဖွက်ထားဖို့ ဘယ်လောက်ခက်ခဲခဲ့လဲသိလား..။ နင်ငါ့ကို တခါချစ်တယ်ပြောတိုင်း ငါ လည်းနင့်ကို ချစ်တယ်ဆိုတဲ့ စကား ငါ့ ပါးစပ်ကထွက်မသွားအောင် ငါဘယ်လောက်ချုပ်ထိန်းခဲ့ရလဲ နင်သိလား..။ နင့် ခြေသံလေး ကြားရုံနဲ့ ငါ့ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲရလောက်အောင် နင့်ကိုငါရူးခဲ့တာ.. နင်တစ်နေ့တစ်ရုပ်လာပေးတဲ့ စက္ကုကြိုးကြာတွေ ငါ့ယွန်းဘူးလေးထဲမှာ အထပ်လိုက်ရှိနေခဲ့တာ..၊ နင်ငါ့အတွက်ရေးပေးခဲ့တဲ့ကဗျာတွေ ငါ့အမြတ်တနိုးနဲ့ အိပ်ရာဝင်တိုင်းဖတ်ခဲ့ရတာ.. ၊ မိုးရွာတဲ့နေ့ နင်မရှိလို့ နင့်အင်္ကျီတွေကို မေမေ ရုတ်သိမ်းပေးထားခဲ့တုန်းက ဘယ်သူမှမသိခင် နင့်နှလုံးသားနဲ့ အနီးဆုံးမှာရှိနေမယ့် နင့်အင်္ကျီနေရာလေးကို ငါခိုးနမ်းခဲ့ရတာ.. နင်သိခဲ့လား.. နင်သိခဲ့ရဲ့လား...။ နင် ငါ့ကိုနားလည်တယ်ဆိုတာ ဘာနားလည်တာလဲ..။ ငါချစ်နေတာ တစ်ခုတည်းကိုနားလည်တာနဲ့တော့ နင်ငါ့ကို နားလည်တယ်လို့ မပြောပါနဲ့ချစ်သူရယ်...။ ငါ နင့်ကိုဘာဖြစ်စေချင်လဲဆိုတာ သိပါတယ်ဆိုတဲ့နင်က ဘာလို့ ငါဖြစ်စေချင်သလို မကြိုးစားတာလဲ..။ ကျောင်းဆက်တက်ဖို့ထက် ငွေရှာဖို့ပဲစိတ်အားသန်ခဲ့တဲ့နင့်ကို ငါ့ကိုနားလည်တယ်လို့ ငါဘယ်လို ယုံကြည်ရမလဲ...။ ငွေကြေးထက် ပညာရေးကို ပိုတန်ဖိုးထားတဲ့မေမေတို့ရဲ့ သဘောထားကိုလည်း နင်သိတယ်လို့ ငါ့ကိုပြောဖူးတယ်နော်..။ အားလုံးကိုသိနေရဲ့သားနဲ့ ငါ့အတွက် ဒါလေးတခုကို မကြိုးစားပေးတဲ့နင့်ကို ငါဘယ်လိုနားလည်ရမလဲ...။ ငါက ငါ့ချစ်သူကို တလေးတစားမော့ကြည့်ပြီး ချစ်တယ်လို့ ပြောချင်ခဲ့တာ..။ ငါပြောစရာမလိုပဲ ငါ့အတွက် ငါ့မိဘတွေ သဘောတူကြည်ဖြူမှုကို ရအောင်ယူနိုင်ခဲ့တဲ့ ငါ့ချစ်သူလို့ ငါ အမြတ်တနိုးချစ်ချင်ခဲ့တာ..။ ငါ အရမ်းလောဘကြီးသွားလား..။ ငါ လောဘကြီးသွားခဲ့တယ်ဆိုရင်လည်း အဲ့တာ နင့်အတွက်ပါ ချစ်သူရယ်...။ နင့်ကို အထင်သေး နှာခေါင်းရှုံ့နေကြတဲ့ လူတွေရဲ့ မျက်လုံးတွေ အလန့်တကြားအရောင်ပြောင်းသွားလောက်အောင် နင့်ကို ခေါင်းမော့နေစေချင်လို့ပါ...။ ငါ့ကို ချစ်တဲ့စိတ်နဲ့ ငါ့အချစ်ကို လိုချင်တဲ့စိတ်ကို နှင်တံလုပ်ပြီး နင့်ဘဝကို အမြင့်ဆုံးရောက်အောင် မောင်းနှင်စေချင်တာ ငါ့ အဖြုရောင်စေတနာပါ ချစ်သူရယ်...။ သူများတွေ အမြင်မှာ ငါက နင့်ဘဝကိုမြှင့်ပေးတဲ့သူ မဖြစ်ချင်ဘူး..။ ငါ ကူမှ ထူမတ်နိင်ရရှာတယ် လို့ နင့်ကို မမြင်စေချင်ဘူး ချစ်သူရယ်...။ နင့်ရဲ့ ကြိုးစားမှု အတွက် ပေးဖို့ဆု ငါ့ဆီမှာ အဆင်သင့်ရှိပြီးသားပါ...။ အဲ့ဒီအချိန်ထိ မေမေတို့ သဘောမတူဘူးဆိုရင်တောင်.. နင် ခေါ်ရာ ငါလိုက်ခဲ့ဖို့အထိ ဆုံးဖြတ်ခဲ့ပြီးသားပါ ချစ်သူရယ်...။

*****

နက်ဖြန်ဆို ကျောင်းပြန်သွားတက်ရတော့မယ်...။ ဒီတစ်ခေါက်ကျောင်းတက်ပြီးရင် ငယ် တောင် ဘွဲ့ရတော့မယ်... ။ အချိန်တွေက ကုန်လွယ်လိုက်တာ...။ ငယ့်ကိုယ်ငယ် မေ့ရင်ခွင်ထဲမှာ မေ့သီချင်းသံနားထောင်ရင်း အိပ်ပျော်သွားတဲ့ ဘဝလေးမှာတောင် မိန်းမောလို့မဝသေးဘူးလေ..။

'ငယ်..'

ခေါ်သံနဲ့အတူ လန်းဆန်းလတ်ဆတ်နေတဲ့ချစ်သူ့မျက်နှာကို မြင်လိုက်ရတာ.. ဆောင်းတွင်းညနေရဲ့ လေတွေတောင် ပိုလတ်ဆတ်သွားသလိုလို....။

'အော နေနိုင်... ဘယ်သွားမလို့လဲ မွှေးလို့ ကြိုင်လို့..'
'ဘယ်မှသွားပါဘူး.. လန်းအောင်လို့ရေချိုးလာတာ.. '
'အော.. အော'
'နင့်ကို ပြောစရာရှိလို့...'
'အင်း.. ပြော..'
'ငါ.. '
'အင် .. ပြောလေ'
'ငါ .. ဆေးပြား တွေ သုံးနေတာ'
'ဘာ.. နင် ဘာပြောလိုက်တယ်... နေနိုင်.. '

ငယ် ခေါင်းပေါ်မီးတက်လောင်သလို ခံစားလိုက်ရတယ်..။ ညနေစောင်း ဝင်ခါနီးနေက မွန်းတည့်နေဖြစ်သွားတယ်။ ငယ်များနားကြားမှားသလား.. ။ ဟုတ်ပါတယ် ငယ်နားကြားမှားတာပဲနေမှာပါ...။ ငယ့်ချစ်သူက အဲ့လောက်မမိုက်ပါဘူး..။ ငယ်နဲ့ ဝေးသထက်ဝေးမယ့်ကိစ္စ ဘယ်တော့မှမလုပ်ဘူး... ။ ငယ် သိတယ်..။

'နင်ဘာပြောလိုက်တယ်..'
'ဟုတ်တယ်.. ငယ်.. ငါ ဆေးပြားလေးတွေသုံးနေတယ်'

'ဘာပြောတယ် နေနိုင်.. နင့်ကို ငါဘာပြောထားလဲ.. နင့်ကိုငါ ဘာမှာထားလဲ..'
'အေးပါ..နင်မှာထားတာ ငါသိပါတယ်'
'ဘာ.. သိတယ် ဟုတ်လား.. သိရက်သားနဲ့လုပ်တာပေါ့.. ငါ့ကို နင် ဒီလောက်လေးတောင် အရေးမထားဘူးပေါ့..'
'မဟုတ်ဘူး.. နင်မှ ငါ့ကို ...'
'ကျွတ်.. နေနိုင်ရာ အဓိပ္ပါယ်မရှိတာတွေနဲ့ ငါ့ကို လာ အကြပ်မကိုင်နဲ့..'
'နင့်ကို အကြပ်ကိုင်တာ မဟုတ်ပါဘူး.. ငါ အဲ့တာလေးနဲ့ဆို နင်က ငါ့ဘေးမှာ ငါကြားချင်တဲ့စကားတွေပြောနေတယ်လို့ခံစားရတယ်..'
'တော်စမ်းပါ နေနိုင်ရာ.. အဓိပ္ပါယ်မရှိတာ.. နင် ဖြတ်ရင် ဖြတ်နော်.. ငါ ပြောခဲ့မယ်.. နင် ဆက်လုပ်လို့ကတော့ နင်ကြားချင်တာ ငါ့ဆီက တသက်လုံးကြားရမှာမဟုတ်ဘူး.. '
'နင် ငါ့ကို ချစ်တယ်လို့ ပြောရင်..'
'တော်တော့နေနိုင်.. နင်ငါ့ကို နားလည်တယ်ဆိုတာ ဘာနားလည်တာလဲ.. ဘာကိုနားလည်တာလဲ.. နင်ငါ့ကို ချစ်တယ်ဆိုတာဘာလဲ... ဘာချစ်တာလဲ..'

သူ ဒါန်းဘေးမှာ တစ်ယောက်တည်း ရပ်ကျန်ခဲ့တယ်...။

အဲ့ဒီနေ့ကလေ.. ငယ့်ကမ္ဘာမှာ ကောင်းကင်ပြိုခဲ့တယ်..။


*****

အမတငယ်
၎ သြဂုတ် ၂၀၀၉ 7:30 PM



ဆက်ရန်...

အခန်း ၄။

ငယ်တို့သူငယ်ချင်းအုပ်စုတွေ ထိုင်နေကြ အသုပ်ဆိုင်လေးက လူငယ်တွေ ထိုင်နေကျဆိုင်လေးပါ...။ ငယ်တို့သူငယ်ချင်းတွေလည်း အားရင် အဲ့ဒီဆိုင်မှာပဲ ချိန်းကြတာများတယ်လေ..။ ခုလည်း ကျောင်းပိတ်တုန်း ကျောင်းတွေကွဲသွားတဲ့ သုငယ်ချင်းတွေနဲ့ ပြန်ဆုံ၊ အဟောင်းတွေ အတင်းတွေ ရင်ခုန်သံတွေအကြောင်း ရေပက်မဝင် လက်ပံပင်ဆက်ရက်ကျတာထက်ဆိုးအောင် ပြောနေကြတယ်..။ ဆိုင်ကလည်း ငယ်တို့ ၉ တန်း ၁၀ တန်း ကျုရှင် အပြန်ဆို ဝင်ထိုင်နေကြဆိုတော့ ငယ်တို့အုပ်စုအထာကို သိပြီးသားလေ...။ အဲ့လို ဇကောထဲ ဇီးဖြူသီးထည့်လှိမ့်သလို အလုအယက်ပြောနေကြစဉ် ဆိုင်ရှေ့လမ်းလေးထဲကို ဆိုင်ကယ်လေးစီး ဆူဆူညံညံနဲ့ဝင်လာတာကြောင့် ငယ်တို့ အသံတွေရုတ်တရက်တိတ်သွားတယ်..။ ဒါပေမယ့် သူတို့ဆိုင်ကယ်လေးစီးလည်း ငယ်တို့ထိုင်နေတဲ့ဆိုင်လေးနဲ့ ခပ်လှမ်းလှမ်းမှာရုတ်တရက် ရပ်သွားတယ်..။ ငယ်တို့အုပ်စုလည်း ဘာရယ်မဟုတ်ပဲ စကားဆက်မပြောဖြစ်ကြတော့ပဲ သူတို့ကို ကြည့်နေမိကြတယ်...။ ဒုတိယမြောက်ဆိုင်ကယ်ပေါ်ကနေ နောက်က ထိုင်လိုက်လာတဲ့ ကောင်လေးက ဆင်းပြီး နောက်က ဆိုင်ကယ်ကို တစုံတခုသွားပြောလိုက်ပြီး ငယ်တို့ဝိုင်းကို တချက်ပဲလှမ်းကြည့်ကာ အားလုံးပြန်လှည့်သွားကြတယ်....။ ငယ်ရှိနေလို့ နေနိုင်တို့ အုပ်စု ဝင်မလာကြတော့တာပါ...။ သူ သူ့သူငယ်ချင်းတွေကို ဘာသွားပြောလိုက်လည်း မသိပေမယ့် သေချာတာ ငယ် ရှိနေလို့ သူ ဝင်မလာတော့တာပါ...။

'ဟဲ့... အဲ့တာ နေနိုင်တို့ အုပ်စုပေါ့... လူမိုက်တွေလိုလို ဘာလိုလိုနဲ့...'

ငယ့်သူငယ်ချင်းလေး ထက်ထက်က စပြီး ရုတ်တရက်တိတ်သွားတဲ့စကားဝိုင်းကို ပြန်စလိုက်ပါတယ်..။

'အေး.. အဲ့ဆင်းပြီးပြောလိုက်တဲ့ကောင်က နေနိုင်ဆိုတဲ့ကောင်ပေါ့..'
'အေး.. ဟုတ်တယ်.. ဘာကောင်တွေမှန်းမသိဘူး... ဆေးတွေဘာတွေလည်းလုပ်သလို ဘာလိုလိုကြားတယ် သိလား..'
'အေး.. ငါလည်းကြားတယ်.. ငါ့မောင်လေးကိုတောင် အဲ့ကောင်တွေနဲ့ပေါင်းရင် သတ်မယ်လို့ အိမ်က ကြိမ်းထားတယ်ဟ...'
'အလကားပါဟာ.. ဆန်ကုန်မြေလေးတွေ...'

နေနိုင်ရယ်... ငါ ဘာဝင်ပြောရမလဲဟင်...။ ငါ သူတို့ကို ဘာပြန်ပြောလိုက်ရမလဲ...။ နင့်ဘက်ကနေ.. ငါ တခုခု ပြောချင်နေတယ်..။ မဟုတ်ပါဘူး နင်တို့မသိပဲ မပြောပါနဲ့လို့ ငါပြောရမလား..။ အဲ့လိုပြောရအောင်လည်း သူတို့ပြောနေတာတွေက အမှားပါလို့ ငါဘယ်လိုသက်သေပြရမလဲ...။ ငါ တခုခု သူတို့ကို ပြောပစ်ချင်နေတယ်။ ငါ ဘာပြန်ပြောလိုက်ရမလဲဟင်..။ ငါ ဘာပြန်ပြောလိုက်ရမလဲ နေနိုင်..။ ငါ့ကို အဖြေတခုခု ပြောပြပေးပါလားဟင်... နေနိုင်ရယ်..။

'ဟဲ့... မိငယ်.. နင်ကလည်း ငြိမ်လှချည်လား ဘာလို့တိတ်သွားတာလဲ...'
'ဟင်...'

ငယ့်သူငယ်ချင်းလေးက ငယ့်ကို လှမ်းလက်တို့ရင်ပြောလိုက်မှ ငယ် အသက်ပြန်ရှုဖို့သတိရသွားတယ်...။ ပြုံးရုံပဲ ပြန်ပြုံးပြနိုင်တဲ့ အပြင် တကယ်ကို ငယ့်ဆီမှာ ဘာစကားမှပြောစရာ မရှိတော့ဘူး..။ တကယ်ကို ဘာမှ ပြောစရာမရှိတော့တာလေ...။ အေး ဟုတ်တယ် နင်တို့ပြောတာလို့ ငယ် ထောက်ခံရမှာလား...။ မဟုတ်ပါဘူးဟာ နင်တို့ကလဲ လို့ငြင်းရမှာလား..။

'မိငယ်... နင် မဟုတ်ကဟုတ်ကလုပ်လို့ကတော့ သေမယ်နော်.. ငါ အန်တီနဲ့တိုင်မှာ.. '

ငယ့်အကြောင်းအကုန်သိတဲ့ ထက်ထက်က ငယ် ဘာလို့တိတ်သွားလဲဆိုတာ ရိပ်မိသွားပြီး ငယ့်ကို warning ပေးတယ်လေ..။

'အေးပါ... ငါဘာလုပ်လို့လဲ နင်ကလည်း...'
'ဟဲ့ မိထက် မိငယ် နင်တို့က ဘယ်ရောက်သွားတာလဲ စကားက နေနိုင်တို့အုပ်စုအကြောင်းကနေ... ငယ်က ဘာလုပ်နေလို့ နင်က ဘာတိုင်မှာတုန်း'

ဘာမှမသိသေးတဲ့ ငယ့်သူငယ်ချင်းလေး တစ်ယောက်က မေးလိုက်မှ ထက်ထက်က..

'ဘာမှမဟုတ်ပါဘူးဟာ.. ထားလိုက်တော့ အဲ့ကောင်တွေအကြောင်းအချိန်ကုန်ခံပြီးပြောမနေနဲ့.. ဟဲ့ နှင်းခိုင်... နင့် ရဲ့ ကျောင်းဇတ်လမ်းလေး ဆက်ပါဦးဟ...'
လို့ ငယ့်ကို အဓိပ္ပါယ် တချို့ထည့်ထားတဲ့ အကြည့်နဲ့ လှမ်းကြည့်ရင်း စကားလမ်းပြန်လွဲပေးလိုက်မှ အသုပ်ဆိုင်လေးလည်း သီချင်းဖွင့်စရာမလိုပဲ ပြန်စည်ကားသွားတော့တယ်လေ...(စည်ကားသွားတယ် ဆိုတာထက် ဆူညံသွားတယ်ဆို ပိုမှန်မယ် )။ ငယ် တစ်ယောက်သာ မသိမသာတိတ်ဆိတ်သွားတာကို သတိထားမိသူက ထက်ထက် တစ်ယောက်တည်း...။

*****

'ဟဲ့... ငယ်..'
'အင်း ပြော..'
ဆိုင်ကယ်နောက်က တိတ်ဆိတ်စွာ လိုက်ပါလာတဲ့ ငယ့်ကို ထက်ထက်က လှမ်းခေါ်လိုက်တယ်..။ ငယ်က ဆိုင်ကယ်စီးတတ်ပေမယ့် ကြောက်တယ်..။ တခါမှ ပြင်းပြင်းထန်ထန်မလဲဖူးပေမယ့် သူများလဲတာတွေ မြင်ရတာနဲ့တင် ငယ် ဘယ်တော့မှ ဆိုင်ကယ် ကိုယ်တိုင်မမောင်းရဲဘူ။ အမြဲတမ်း သူငယ်ချင်းနောက်ကပဲ လိုက်တယ်..။ အမြဲတမ်းလိုက်တာ ငယ် အခင်ဆုံး အယုံကြည်ရဆုံး သူငယ်ချင်းလေး ထက်ထက်နောက်ကပဲပေါ့။ ခုလည်း ထက်ထက်က အသုပ်ဆိုင်က အပြန်ငယ့်ကို အရင်လိုက်ပို့တာ...။


'နင်နော်... ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့ဗျ..'
'ဘာလဲဟ..'
'ဘာ ဘာလဲဟ လဲ... အူကြောင်ကြောင် လုပ်မနေနဲ့...။ နေနိုင့်ကို ခေါင်းထဲက ထုတ်ပစ်စမ်းပါဟာ...'
'အင်းပါ... ဒါပေမယ့်ဟာ.. နင်တို့ အဲ့လောက်တော့ သူ့ကို အမြင်မစောင်းပါနဲ့ဟာ.. သူ့ဘဝ အခြေအနေကြောင့်ပဲကို... စောင့်ကြည့်ပါဦး..'
'ဘာ... ဘာ စောင့်ကြည့်ပါဦးလဲ.. ဘာ စောင့်ကြည့်ပါဦးလဲ.. စောင့်ကြည့်စရာကို မလိုဘူး.. တမြို့လုံးသိတယ်.. သူတို့အခုလည်း ဆေး ကိစ္စ မကင်းဘူးလို့ကြားတယ်နော်...'
'ဟုတ်လို့လားဟာ... သူက ပြောပါတယ်ငါ့ကို.. အဲ့တာတော့ မဟုတ်လောက်ပါဘူးဟာ.. တမင် အပုတ်ချနေကြတာနေမှာပါ.. မလိုတဲ့လူတွေက..'
'မိ ငယ်.. '

ထက်ထက် ငယ့်ကိုစိတ်တိုနေပြီ..။ ငယ်သိတယ်..။ ငယ့်ဘက်ကမလျှော့ရင် ရန်ဖြစ်ရင်ဖြစ် မဟုတ်ရင် မေ့ကို တိုင်တော့မယ်.. ငယ်သိတယ်...။

'အေးပါဟာ... နင်ကလဲ.. ဖြေးဖြေးအော်ပါ..'
'ဘာဖြေးဖြေးအော်ပါလဲ.. မိငယ်.. ဒါဘဲနော်..ငါ အန်တီနဲ့တိုင်မှာနော်...'
'အေးပါဟာ.. နင်ကလဲ .. သူနဲ့ငါနဲ့ကလည်း ရည်းစားလည်းမဟုတ်ပါဘူး ဟာ..'
'အေး.. ဒါဘဲ.. မျက်စိနောက်အောင် မနေနဲ့..'
*****

'အန်တီ.. ကျွန်တော် ဘာလုပ်ပေးရဦးမလဲ...'

ငယ် သီချင်းခွေကြည့်နေတုန်း နေနိုင်ဝင်လာရင်း မေ့ကို လှမ်းမေးလိုက်တယ်လေ... သူက လူလည်..။ ဝင်ဝင်လာချင်း ဘယ်တော့မှ ငယ့်ကို အရင်နှုတ်မဆက်ဘူး..။ မေ့ကို အရင်သွားဖောသေးတာ...။ မသိရင် မေ့ဆီပဲလာသလိုလို...။

'ရပါတယ်ရှင်... ကိုနေနိုင်... တော် ခုတလော ပျောက်ပျောက်နေပါ့လား..' မေမေက ဖြေလည်းဖြေ မေးလည်းမေး လှမ်းပြောလိုက်ပါတယ်...။
'ဟုတ် အန်တီ.. ကျွန်တော် ည အိပ်တာ ညနက်နက်သွားလို့ မနက် မထဖြစ်တာ...' ဖြေရင်း မေ မမြင်အောင် ငယ့်ကို ပုခုံးတွန့်ရင်း လျှာထုတ်ပြလိုက်တယ်...။ မေ က ဆေးခန်းထဲမှာ ဆေးဆိုင်ကလာပို့ထားတဲ့ ဆေးစာရင်းတွေစစ်ရင်း လှမ်းအော်ပြောနေတာဆိုတော့ ပြောရင်း ငယ်ရှိရာ ဧည့်ခန်းထဲ ဝင်သွားတဲ့နေနိုင့်ကို မမြင်တော့ဘူးလေ..။

'ငယ်..'
'ပြော...'
'Lလွန်းဝါ ရဲ့ လှည့်ကြည့်ပါဦး ဖွင့်ဟာ...'
'ဆိုင်းဇီ ဆိုထားတာပိုကောင်းတယ်ဟ..'
'အာ......... Lလွန်းဝါ ဖွင့်ပါဆိုနေ...'
'အေးပါ.. အေးပါ.. ဖွင့်ပေးပါ့မယ်ရှင့်...'

အဲ့တစ်ပုဒ်ထဲကိုပဲ repeat ထပ်ခိုင်းထားပြီး ငယ့်ကိုပဲထိုင်ကြည့်နေတဲ့ သူ့ကို ကြည့်ရတာ တစ်မျိုးဖြစ်နေသလိုပဲ။ အိပ်တာများသွားလို့လား... သူ့မျက်လုံးတွေက ခါတိုင်းလို တောက်ပမနေပဲ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့...

'ဟဲ့.. နေနိုင်.. နင် အိပ်ရေးမဝသေးဘူးလား..'
'ဟင်..'
'အိပ်ရေးမဝသေးဘူးလားလို့.. နင့်ကြည့်ရတာ အိပ်ချင်မူးတူးနဲ့... အိပ်ချင်နေရင်လည်း ပြန်အိပ်လေဟာ...'
'ဟုတ်ပါဘူး... အေး.. ဟုတ်တယ်.. ငါပြန်တော့မယ်ဟာ..'
'အင်... ဘာလဲဟ ဟုတ်ပါဘူး .. ဟုတ်တယ် နဲ့'

ပြောရင်းဆိုရင်းပြန်သွားတဲ့ သူ့နောက်ကျောကို ကြည့်ရင်း.. ငယ် တခုခုကို စိုးရိမ်မိလာသလိုပဲ...။ သူငယ်ချင်းတွေ ပြောတဲ့စကားတွေလည်း နားထဲမှာ ပဲ့တင်ထပ်နေသလို သူ့ရဲ့ ရီဝေဝေ မျက်လုံးတွေကိုပဲ ထပ်ခါတလဲလဲ မြင်နေမိတယ်...။ မဟုတ်ပါဘူး... ။ မဟုတ်ပါဘူး...။ မဟုတ်ဘူး...။
*****

အမတငယ်
၂ သြဂုတ် ၂၀၀၉ 12:30PM


ဆက်ရန်...
မရည်ရွယ်ပဲ လုပ်ဖြစ်လိုက်တဲ့ ဒီဘလော့လေးမှာ ကျေးဇူးတင်ထိုက်သူတွေ ရှိပါတယ်.. ငယ် မရေးဖြစ်သေးတာ ခွင့်လွှတ်ပေးပါ ကျေးဇူးရှင်တို့ရေ ( သာယာနဲ့ ချိုမြိန် .. မြောက်မသွားနဲ့ဦးနော်... ဟွန်း..)

ဘလော့လုပ်ပါလားလို့ စပြီးအကြံလည်းပေး လုပ်လည်းပေးတဲ့ ကျေးဂျူးချင်ကတော့ သာယာပါ.. Mr. Thar yar pwa lay လို့ ( ရူးသလို ပေါသလိုနဲ့ ) နာမည် တပ်ထားတဲ့ ဘလော့ပိုင်ရှင် သူငယ်ချင်းလေးပါ.. ကျေးဇူးပါ သာယာရေ.. ငါ့စိတ်ထဲ မခံစားနိုင်တော့တာတွေ သွန်ချစရာ နေရာလေး ဖန်တီးပေးတဲ့ အတွက်....

နောက် တစ်ယောက်ကတော့ ဂျစ်တယ်ရင်းလေး ချိုမြိန်ပါ... ကျိုးပျက်သွားသော နှလုံးသားကာရံများ ဆိုတဲ့ ဘလော့ပိုင်ရှင် လေး ချိုမြိန် နှလုံးသား ပါ..။ ကျေးဇူးပါ ချိုမြိန်ရေ.. ငါမကြိုက်မချင်းပြောင်းပေးတဲ့ template လေး အတွက်..၊ ပြီးတော့ နှင်းလေးတွေ အတွက် ....၊ ပြီးတော့ ငါ့ကို စိတ်ရှည်လက်ရှည် အစစကူညီပေးတဲ့အတွက်...

နောက်ပြီး.. နှင်းကျတာလေးထည့်ရင်ပိုလှမယ်လို့ အကြံပေးတဲ့ code ပေးတဲ့ မောင်လေး လေးတစ်ထောင်၊ template ပြောင်းသွားတဲ့အတွက် ပြန်မထည့်ဖြစ်တော့ပေမယ့်.. လှတီးလှတ အပြင်အဆင်လေး တွေအတွက် code လေးတွေပေးတဲ့ တူယေး၊ နောက်ပြီး link ချိတ်ခွင့် ပေးကြတဲ့သူငယ်ချင်းများအားလုံး၊ ငယ့်ရဲ့ ကပေါက်တိကပေါက်ချာ ကကျိုးကကြောင် ဗလွတ်ရွှတ်တ ဟိုမရောက်ဒီမရောက် (ဘာကျန်သေးလဲ..) ဝတ္တုမဟုတ် ဘာမဟုတ် စာစုလေးကို အားပေးတဲ့ သူငယ်ချင်းများ၊ comment လေးတွေပေးကြတဲ့ သူငယ်ချင်းများ ၊ နဲ့ လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးကမ္ဘာပါရှင်... ။
 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner