ဂျစ်
အံ့သြမိတယ် ... နင့်ကိုမြင်မြင်ချင်း အရမ်းရင်းနှီးခဲ့ဖူးတဲ့ သူတယောက်ကို ပြန်တွေ့လိုက်ရသလို ခံစားချက်ကိုလေ ...။
အံ့သြမိတယ် ... နင်နဲ့ပက်သက်ရင် အရာရာမှာ ငါ အရှုံးပေးလွယ်ခဲ့မိတာကိုလေ ...။
အံ့သြမိတယ် ... နင့်အတွက်ဆို အရာရာ အဆင်သင့်ရှိနေခဲ့မိတာကိုလေ ...။
အံ့သြမိတယ် ... နင် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို နင်နဲ့ထပ်တူခံစားမိနေတာကိုလေ ...။
အံ့သြမိတယ် ... နင် တခြားလူနောက်ပါသွားမယ့်အချိန်ကို ငါဘာလို့ တွေးကြောက်ပြီးဝမ်းနည်းနေမိလည်းဆိုတာကိုလေ...။
ပြီးတော့လေ ....
သိပ်အံ့သြမိတယ် ဂျစ်ရယ် ... ငါကြိတ်ပြီးမနာလိုနေခဲ့တဲ့ နင့်ရင်ထဲက ချစ်သူက ငါကိုယ်တိုင်ဖြစ်နေခဲ့ရတာကိုလေ ...။
မောင်
သိပ်အံ့သြမိတယ် ... မောင် အဲ့လောက် ချစ်တတ်နေတာကို ..။
သိပ်အံ့သြမိတယ် ... မောင် အဲ့လောက် ဂရုစိုက်တတ်တာတွေကို ...။
သိပ်အံ့သြမိတယ် ... မောင် ချစ်ဆုံးနဲ့ပတ်သက်ရင် အဲ့လောက် ထိခိုက်လွယ်တာကိုလေ ...။
သိပ်အံ့သြမိတယ် ... မောင် အဲ့လောက်မျှော်လင့်ထားခဲ့တာကိုလေ ...။
သိပ်အံ့သြမိတယ် ... မောင် အဲ့လောက် ပေးဆပ်ထားခဲ့တာတွေကိုလေ ...
ပြီးတော့လေ ...
သိပ်အံ့သြမိတယ် မောင်ရယ် ... တခါမှ မျှော်လင့်မထားခဲ့မိဖူးတဲ့ အတိုင်းအဆမဲ့ ဖြူစင်တဲ့အချစ်တွေ နဲ့ တဘဝလုံးပုံအောပြီး ချစ်ခဲ့တဲ့ မောင့်အချစ်တွေကိုလေ ...။
နင်မရှိရင်မဖြစ်တော့တဲ့ ငါနဲ့ ... ငါမရှိရင် မဖြစ်တော့တဲ့ နင် ... ငါတို့နှစ်ယောက်လုံး .. အခြမ်းအစစ်ကို ကိုယ်စီတွေ့ရှိပြီးတဲ့နောက် ... ပင်လယ်တခုတည်းကို စီးဆင်းသွားတဲ့ မြစ်နှစ်စင်းလို .. ဘယ်လိုမှ ပြန်ခွဲထုတ်လို့မရတော့ပါဘူးချစ်သူရယ် ........................ ။
ငါ နင့်ကို အရမ်းးးးးးးး ချစ်တယ် ဂျစ် ( မောင် ) ရယ် ... ။
ခုတလောတော့ ကြာလေ လူတွေကိုစိတ်ကုန်လာလေပဲ ...... ။
ငယ့်မှာလည်း တခြားလူတွေစိတ်ကုန်ရလောက်အောင် အကျင့်ဆိုးတွေရှိမှာပါပဲ .... ။
အထင်နဲ့ အမြင်က တကယ် တခြားဆီဆိုတာ ကြာလေ ပိုသိလာလေ ပိုမှန်လာလေပဲနော် ... ။ ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးတွေရှိသလို သိုးရေခြုံထားတဲ့ဝံပုလွေတွေလည်း အပုံအပင်... ။
ဘာလို့များ အပင်ပန်းခံနေကြပါလိမ့်နော် ... ။
တနေ့ အကုန်ထားပစ်ခဲ့ကြရမှာပဲလေ အချစ်တွေ အမုန်းတွေ ပိုင်ဆိုင်မှုတွေ ကြီးကျယ်ခမ်းနားမှုတွေ သညာတွေ .... ။
ကိုယ်ပါအောင်ယူသွားနိုင်မှာဆိုလို့ တရားအသိရယ် ကုသိုလ်အထုပ်အပိုးရယ် သံသရာက မလွတ်နိုင်သေးရင် နောက်ဖြစ်ရမယ့်ဘဝတွေမှာ သန္ဓေပါလာမယ့် အကျင့်ကောင်းအကျင့်မြတ် စိတ်ကောင်းစိတ်မြတ်လေးတွေရယ် ပဲရှိတာ .. ။
အမှောင်ထဲကလာခဲ့ကြရတာတောင် ဘာလို့ အမှောင်ထဲကိုပဲပြန်သွားချင်နေကြလဲမသိဘူး လို့ တွေးမိတယ်။
ဥာဏ်မှီသလောက်တွေးကြည့်မိတော့ သူတို့က ကိုယ့်ကိုယ်ကို အလင်းပေးနေတဲ့ မီးအိမ်ရှင်လို့ ထင်နေကြတယ် ... ကိုယ့်ကိုယ်ကို အလင်းထဲရောက်နေပြီး ကျန်တဲ့လူတွေကို အမှောင်ထဲကလူတွေလို့ ထင်နေကြတယ် ။။။။။။
ဖြစ်ချင်တော့ သူတို့ကိုယ်တိုင်က ကျန်တဲ့လူတွေထက် ပိုမှောင်နေတာ သူတို့ကိုယ်တိုင် မသိနိုင်ကြတာပဲ ......... ။
မေတ္တာမထားနိုင်သေးသရွေ့တော့ ဥပေက္ခာထားနိုင်အောင် ကြိုးစားရဦးမယ် .............. ။
ခုတလောတော့ အဲ့လိုပဲ စိတ်ထဲမှာ ခံစားနေရတယ်လေ ... ။

Subscribe to:
Posts (Atom)