ခုတလောတော့ ကြာလေ လူတွေကိုစိတ်ကုန်လာလေပဲ ...... ။

ငယ့်မှာလည်း တခြားလူတွေစိတ်ကုန်ရလောက်အောင် အကျင့်ဆိုးတွေရှိမှာပါပဲ .... ။

အထင်နဲ့ အမြင်က တကယ် တခြားဆီဆိုတာ ကြာလေ ပိုသိလာလေ ပိုမှန်လာလေပဲနော် ... ။ ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးတွေရှိသလို သိုးရေခြုံထားတဲ့ဝံပုလွေတွေလည်း အပုံအပင်... ။

ဘာလို့များ အပင်ပန်းခံနေကြပါလိမ့်နော် ... ။

တနေ့ အကုန်ထားပစ်ခဲ့ကြရမှာပဲလေ အချစ်တွေ အမုန်းတွေ ပိုင်ဆိုင်မှုတွေ ကြီးကျယ်ခမ်းနားမှုတွေ သညာတွေ .... ။

ကိုယ်ပါအောင်ယူသွားနိုင်မှာဆိုလို့ တရားအသိရယ် ကုသိုလ်အထုပ်အပိုးရယ် သံသရာက မလွတ်နိုင်သေးရင် နောက်ဖြစ်ရမယ့်ဘဝတွေမှာ သန္ဓေပါလာမယ့် အကျင့်ကောင်းအကျင့်မြတ် စိတ်ကောင်းစိတ်မြတ်လေးတွေရယ် ပဲရှိတာ .. ။

အမှောင်ထဲကလာခဲ့ကြရတာတောင် ဘာလို့ အမှောင်ထဲကိုပဲပြန်သွားချင်နေကြလဲမသိဘူး လို့ တွေးမိတယ်။
ဥာဏ်မှီသလောက်တွေးကြည့်မိတော့ သူတို့က ကိုယ့်ကိုယ်ကို အလင်းပေးနေတဲ့ မီးအိမ်ရှင်လို့ ထင်နေကြတယ် ... ကိုယ့်ကိုယ်ကို အလင်းထဲရောက်နေပြီး ကျန်တဲ့လူတွေကို အမှောင်ထဲကလူတွေလို့ ထင်နေကြတယ် ။။။။။။

ဖြစ်ချင်တော့ သူတို့ကိုယ်တိုင်က ကျန်တဲ့လူတွေထက် ပိုမှောင်နေတာ သူတို့ကိုယ်တိုင် မသိနိုင်ကြတာပဲ ......... ။

မေတ္တာမထားနိုင်သေးသရွေ့တော့ ဥပေက္ခာထားနိုင်အောင် ကြိုးစားရဦးမယ် .............. ။

ခုတလောတော့ အဲ့လိုပဲ စိတ်ထဲမှာ ခံစားနေရတယ်လေ ... ။

0 comments:

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner