ရင်ခုန်ခြင်းသက်သက်နဲ့ ချစ်ခဲ့တာမဟုတ်သလို ...
မျှော်လင့်ခြင်းကြောင့် ပေါက်ဖွားလာရတဲ့ အချစ်လည်းမဟုတ်ခဲ့ဘူး .... ။

ရင်ခုန်ရင်း မျှော်လင့်ခဲ့ရသလို
မျှော်လင့်ရင်းနဲ့လည်း စွန့်လွှတ်နိုင်ဖို့ ကြိုးစားခဲ့ရဖူးတယ် .... ။

စွန့်လွှတ်နိုင်ဖို့ ကြိုတင်လေ့ကျင့်ရင်း ...
ကောက်ရိုးတမျှင်စာ မျှော်လင့်ချက်လေးနဲ့ .. ရင်ခုန်ခဲ့ရသူပါ .... ။

ခုတော့ .. ကောက်ရိုးမျှင်လေးက သံယောဇဉ်တဖြစ်လဲခဲ့လို့
ငါ ... ငါ့ကမ္ဘာလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ ...... ။

ငါ့ရဲ့ ကမ္ဘာငယ်လေးရေ .....

မင်းရင်ခွင်ရဲ့ နှင်းဆီရနံ့တွေမှာ ပြန်လည်မိန်းမူးခွင့် ....
မင်းခြွေချမယ့် နှင်းဆီပွင့်ဖတ်တွေကို ပြန်လည်နမ်းရှိက်ခွင့် ...
မင်းဖန်ဆင်းထားတဲ့ နေခြည်နွေးရဲ့ အထွေးအပွေ့မှာ ပြန်လည်အိပ်စက်ခွင့် ...

မဝေးတော့တဲ့တနေ့မှာ ပြန်လည် ပိုင်ဆိုင်နိုင်ကောင်းပါရဲ့ ..... ။


အမတငယ်
၂၉-၀၁-၂၀၁၂ ၆း၂၂ PM

0 comments:

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner