မမြင်ချင်တော့လို့ နှင်တယ်လည်း မဆိုရက်ပါဘူးကွယ် ....

အရင်လို ကြင်နာခွင့်မှ မရှိတော့တာပဲလေ ...။



နေ လေ မိုး ဘယ်လိုအငြိုးနဲ့ ဆိုးဆိုး

ညှိုးမျက်နှာ တချက် မပျက်ခဲ့တာတောင် မင်းမှ မထောက်တော့တာပဲ ...။



မျက်နှာတော် မညိုလိုက်ပါနဲ့ ချစ်တဲ့သူရယ် ...

ခိုနားခွင့်မရှိတော့တဲ့ ရင်ခွင်အတွက် ...

ကိုယ့်ဘက်ကပဲ လှည့်ထွက်နှုတ်ဆက်ပါတယ် .... ။



ဘာပဲဖြစ်ဖြစ် ... တခဏတာ တွယ်ငြိခွင့်လေးပေးခဲ့တဲ့ မင်းကို

တဘဝစာအလျော်အစားအဖြစ် .. မင်းခြေရင်းမှာပဲ ငါ့ရွက်လွှာ ပါးလျဆွေးမြေ့ပါရစေ ..... ။



အမတငယ်

၂၉-၁၂-၂၀၁၂။ ၉း၄၄ PM

0 comments:

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner