ရွက်ဟောင်းလေးရေ …

မခေါ်ပဲရောက်လာခဲ့တဲ့ မင်းကို ပြန်ပါလို့လည်း ငါ မပြောခဲ့ပါဘူးကွယ်..။


နုတ်မဆက်ချင်ပါဘူး ရွက်ဟောင်းလေးရယ် ….

ဒါပေမယ့် …

ငါကိုယ်တိုင်က သဘာဝကို လွန်ဆန်ခွင့်မှမရှိတာပဲ …။


အသစ်တို့အတွက် အဟောင်းတွေကြွေလွင့်ပေးရခြင်းလား

အဟောင်းတို့ကြွေလို့ အသစ်တို့ နေရာရလာခြင်းလား ဆိုတာ

ငါ ခုထိမသိသေးပေမယ့် ….

ရွက်ဟောင်းလေးရေ …..

မင်းလက်ကို ငါလွှတ်ရက်ခဲ့တာ မဟုတ်ရပါဘူး ……။


ဘာပဲဖြစ်ဖြစ် ….


နေ လေ မိုး .. ဘယ်အငြိုးနဲ့ပဲ ဆိုးဆိုး …

ညှိုးမျက်နှာ တချက်မပျက်ခဲ့တဲ့ မင်းရဲ့နေရာမှာ

ငါ့အတွက် သေရာပါ ဒဏ်ရာတခုကလွဲလို့ …. ဘယ် အသစ်မှ ဝင်ရောက်ခွင့် မရှိတာ …

မင်းသိစေချင်လိုက်တာ ရွက်ဟောင်းလေးရယ် ……။


အမတ ငယ် 08/02/2012 2:29 PM

0 comments:

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner