ဘယ်လိုလုပ်မလဲ ....


အသက်တချက်ရှုတိုင်း ...

ဖြစ်ပျက် တောင် မမှတ်နိုင်ပဲ .. နင့်ကိုပဲ လွမ်းနေတာ....။


ဘယ်လိုလုပ်မလဲ ...


အပြုံးတချက်တိုင်းမှာ ...

ဟန်တောင် မဆောင်နိုင်ပဲ ငါ့အချစ်တွေ နမော်နမဲ့ လဲလဲကျနေတာ ....

fall in love ဆိုတာ ဒါကိုခေါ်တာလား ......။


ဘယ်လိုလုပ်မလဲ ...


ငါ စိတ်ဆိုးနေရင် .. နင့်မျက်နှာကို ငါ မကြည့်ချင်ဘူး သိလား ....

နင့်ကို မြင်လိုက်ရတဲ့ခနတင် .. ငါ နင့်ကိုစိတ်ဆိုးနေကြောင်း ကိုယ့်ဘာသာ မေ့သွားတယ် ...။


ဘယ်လိုလုပ်မလဲ ...


ခုလည်း ငါ နင့်ကို သေလောက်အောင် လွမ်းနေပြန်ပြီ ....။


အမတ ငယ် 18 Feb 2012, 10:44 AM

0 comments:

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner