လူတွေ ... ရောင်စုံလူတွေ ...
တချို့က ရဲရဲရင့်ရင့် နီကြတယ်။
တချို့ က လှလှပပ ဝါ လို့ကောင်းနေတုန်း
တချို့ ကျ ဖျော့တော့စွာ မှိုင်းနေကြတယ် ...။
တချို့ က ကျော့ကျော့မော့မော့လေး စိမ်းနေပြန်သလောက်
တချို့ ကျ အေးမြစွာ ပြာလွင်နေကြပြန်ရော .....။
တကယ်တော့ နီနေတာလည်း လူ ဝါနေတာလည်း လူ
စိမ်းနေလဲ လူ ... ပြာလွင်နေလည်း လူ ....
အုံ့ဆိုင်း မှုန်မှိုင်းနေပေမယ့် သူလည်း လူပါပဲ ...။
ယုံကြည်မှုက တခါတလေ အချင်းများစေတယ်။ အခင်အမင်ပျက်စေတယ်။ သွေးစွန်းနေ့တွေ ပေါ်ပေါက်စေတယ်။ မိသားစုတွေ ပြိုကွဲစေတယ်။ မိဘမဲ့တွေ ဒုက္ခိတတွေ တိုးပွားလာစေတယ်...။
ဒါပေမယ့်လည်း ယုံကြည်မှုဆိုတာ လိုအပ်တယ် ... ။
ယုံကြည်ပါ .. မှန်တယ်လို့ ထင်မြင်ပိုင်ခွင့်ရှိသလို အားရပါးရ ယုံကြည်ခွင့်လည်းး ရှိပါတယ် ...။
ဒီအခွင့်အရေးက "လူ" ဆိုတဲ့ သတ္တဝါမှာပဲ ရှိတာလေ ... ။
သူငယ်ချင်းရေ .....
ယုံကြည်ရာ တခုခု မရှိခဲ့ရင် ... မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ အချိန်အပိုင်းအခြားက သိပ်ကြီးမားမယ်မထင်ဘူး ...။
ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်အတွေ့အကြုံ ကိုယ့်အတွေးအခေါ်ကြောင့် ကိုယ်ယုံကြည်ရာကို မှန်တယ် ထင်သူချည်းပါပဲ ....။
ဒါပေမယ့် သူငယ်ချင်းရေ ....
ုကိုယ်ယုံကြည်ရာက သူတပါးရဲ့ ဆန့်ကျင်ဖက် ဖြစ်နေရုံနဲ့တော့
အချင်းမများပါနဲ့။ အခင်အမင်မပျက်ပါစေနဲ့။ သွေးစွန်းနေ့တွေ မပေါ်ပေါက်ပါစေနဲ့။ မိသားစုတွေ မပြိုကွဲပါစေနဲ့။ မိဘမဲ့နဲ့ ဒုက္ခိတတွေ မတိုးပွားပါစေနဲ့လား .... ။
ငြိမ်းငြိမ်းချမ်းချမ်း ကွဲလွဲစွာ ယုံကြည်ကြရအောင်ပါ ....။
အမတ ငယ် |7:27 PM, 08/04/2012|
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment