ရုရှားအဆိုတော် Vitas ရဲ့ သီချင်းတွေကို (သီချင်းတွေဆိုတာထက် ဘယ်သူနဲ့မှမတူတဲ့ သူ့ရဲ့ အသံကို) အရမ်းနှစ်သက်ပါတယ်။ သူ့ရဲ့ opera 2 ဆိုတဲ့သီချင်းဟာ သူ့ရဲ့ အသံ ကြောင့် အရမ်းနာမည်ကြီးခဲ့ပေမယ့် အဲ့သီချင်းထက် ပိုနှစ်သက်မိတာက Pocelui (A kiss as long as eternity) ဆိုတဲ့သီချင်းပါ။ တခွန်းမှ နားမလည်ပဲ သီချင်းကို နှစ်သက်လို့ ရတာ .. ခံစားလို့ရတာ .. ဂီတအနုပညာရဲ့ အစွမ်းက ဆန်းတော့ ဆန်းသား။ ဒါပေမယ့် ခုတလောတော့ Zvezda (The Star) ဆိုတဲ့သီချင်းကို အရမ်းကြိုက်နေမိလို့ English လိုပြန်ပေးထားတဲ့ Lyrics တွေကို မရမက ရှာရင်း ဖတ်မိလိုက်ချိန်မှာတော့ တနေကုန် ဒီတပုဒ်တည်းကို repeat ထပ်ထားရလောက်အောင် ခံစားမိပါတော့တယ်။ လက်တလော ခံစားနေရတဲ့ .. ရည်မှန်းထားတဲ့ဆီ မရောက်နိုင်သေးခင် ကိုယ့်ကိုယ်ကို လက်ရှိအခြေအနေမှာ အလိုမကျဖြစ်နေတဲ့ ခံစားချက်နဲ့ တိုက်ဆိုင်နေလို့လည်း ဖြစ်နိုင်ပါတယ်။ တနေကုန် အဲ့သီချင်းတပုဒ်တည်းကို နားထောင်နေရင်း .. သူ့စာသားလေးတွေကို ငယ့် ခံစားချက်တွေနဲ့ ထုဆစ်ချင်လာတဲ့အခါမှာတော့ ……
ကြယ်
ရေး/ဆို Vitas
(ဘာသာပြန်ခံစား - Marzo Love)
# အကြိမ်ပေါင်းများစွာ … ကိုယ့်ဘာသာ ပြန်မေးမိချိန်
ဒီကမ္ဘာပေါ်မှာ ငါဆိုတာ ဘာအတွက် မွေးဖွား ကြီးပြင်းခဲ့ရတာလဲ
တိမ်တွေကရော… ဘာလို့ လွင့်မျောရင်း မိုးစက်တွေအဖြစ် ကြွေဆင်းရသလဲ
ဒီကမ္ဘာကြီးပေါ်မှာ ငါ့ကိုယ်ငါအတွက် ဘာကိုမှ တခုတ်တရ မမျှော်လင့်ထားပါဘူး။
တိမ်တွေကိုကျော်ဖြတ်ပျံသန်းချင်ခဲ့ပေမယ့်.. ငါ့မှာ အတောင်ပံတွေမရှိခဲ့
ကြယ်တွေကတော့ ဟိုးအဝေးတနေရာကနေ ငါ့ကို ညှို့ငင်ဆွဲဆောင်လို့ ကောင်းနေဆဲပေါ့။
ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ရည်မှန်းချက် ငါ့လက်ထဲမှာ ရှိနေပေမယ့်
ကြယ်တွေဆီကို ရောက်ဖို့တော့ သိပ်ကို ခက်ခဲလွန်းတယ်ကွယ်။
တချက်တည်းနဲ့သူ့ဆီ ရောက်အောင်သွားနိုင်ဖို့ .. ငါ့မှာအင်အားရှိပါ့မလားဆိုတာ .. ငါ မသိဘူး။
# ငါ့ခရီးအတွက် အဆင်သင့်ဖြစ်ချိန်အထိ အချိန်တစ်ခု ငါစောင့်မယ်။
ငါ့ကြယ်လေးရယ် … ကိုယ့်ကိုယ်ကို မလောင်ကျွမ်းပစ်ပါနဲ့ကွာ
ငါ့အိပ်မက်တွေ မျှော်လင့်ချက်တွေဆီ လမ်းပြပေးလှည့်ပါဦး …
ငါ့ကို စောင့်ပါဦး ….
# နောက်ထပ် လမ်းဘယ်နှစ်လမ်း ငါဆက်လျှောက်ရဦးမလဲ…
ငါ့ကိုယ်ငါ ရှာတွေ့နိုင်ဖို့ ..နောက်ထပ် အခက်အခဲအတားဆီး ဘယ်နှစ်ခုကို ကျော်ဖြတ်ရဦးမလဲ
ကျလုကျခင် ချောက်ကမ်းပါးအစွန်းမှာ ဘယ်လောက်ကြာကြာ ငါ တောင့်ခံထားရဦးမလဲ
ဘယ်နှစ်ခါလောက် အသစ်ကနေ ပြန်ပြန် စ နေရမလဲကွယ် ..
# ငါ့ခရီးအတွက် အဆင်သင့်ဖြစ်ချိန်အထိ အချိန်တစ်ခု ငါစောင့်မယ်။
ငါ့ကြယ်လေးရယ် … ကိုယ့်ကိုယ်ကို မလောင်ကျွမ်းပစ်ပါနဲ့ကွာ
ငါ့အိပ်မက်တွေ မျှော်လင့်ချက်တွေဆီ လမ်းပြပေးလှည့်ပါဦး …
ငါ့ကို စောင့်ပါဦး ….
~Marzo~ |02/11/2012 9:00PM|
သီချင်းလေးကို ခံစားနားဆင်ချင်တယ်ဆိုရင်တော့ ... http://www.youtube.com/watch?v=P9A1-fxd-hI

Ref (Wiki):Vitas
(Russian: Витас), is a Russian singer- songwriter.Known for his high
falsetto voice and a vocal range of 5 octaves, he has been given the
nickname "Prince of the Dolphin Voice" in China. His music is often
difficult to categorize.
0 comments:
Post a Comment