တင်းလွန်းတော့ ပြတ်
လျော့လွန်းပြန်တော့ ပတ် တဲ့ ...

ဘယ်လို မလျော့မတင်းအခြေနေမျိုးမှာ ကိုယ်နေရမလဲ .....။


အတင်းအလျော့လည်း မလုပ်ချင်ပါဘူးကွယ် ...
မင်းက ကိုယ့်အတွက် စွန် တခုမှ မဟုတ်ခဲ့တာ ....။


ကိုယ့်မှာ ရစ်ဘီးလည်း မရှိခဲ့ဘူး ... မရှိချင်ခဲ့ဘူး ချစ်သူ .... ။


ဆွဲခေါ်မှ ပြန်လာချင်သူကို ကိုယ် မလိုချင်ခဲ့ဘူး ..... ကိုယ် မလိုချင်ဘူး ... ။


ပေးလိုက်တည်းက တစုံတရာကို မျှော်လင့်ခဲ့တာမှ မဟုတ်တာ ... ။


ကိုယ်ဟာ သစ်ပင်တပင်ပါ ....


ပျံသန်းပါ ချစ်သူ ...
မောပန်းရင် နားခိုပါ ...
ကိုယ့်သစ်ပင်ရဲ့ သစ်ရွက်လေးတွေက မင်းအတွက် တေးသံလေးတွေ ခြွေပေးပါလိမ့်မယ် ... ။
ကိုယ့်သစ်ပင်ရဲ့ အရိပ်က မင်းရင်ကို ချွေးတိတ်အေးမြစေပါလိမ့်မယ် ....။
ကိုယ့်သစ်ပင်ရဲ့ ပန်းပွင့်လေးတွေက မွှေးရနံ့လေးတွေနဲ့ မင်း စိတ်ကို လန်းဆန်းအားပြည့်စေပါလိမ့်မယ် .... ။

တခုပါပဲ ...

ကိုယ်က ရာသီတိုင်း စိမ်းမြနေမယ့် အမြဲစိမ်းသစ်ပင်တော့ ဟုတ်လိမ့်မယ် မဟုတ်ဘူး ....။


ဒါပေမယ့် ...


မင်းရဲ့ တောင်ပံခတ်သံသဲ့သဲ့လေး ကြားလိုက်ရုံနဲ့
ရုတ်ချည်း စိမ်းစိုလန်းဆန်းနိုင်တဲ့ .. သီးသန့်သစ်ပင် ပါ ....။



အမတ ငယ်
2.4.2012 10:35 PM

0 comments:

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner