ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက် လှိုင်းသက်ရာဆင်း၊
ဆင်းရလဲ မသက်သာ၊
အုန်းလက်ကြွေ ရေပေါလော
မျောစုန်လို့လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေသူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လည်း မသက်သာ၊
နောက်တစ်ချီ ဒီတစ်လုံးက
ဖုံးလိုက်ပြန်ပါ့၊
မြုပ်လေပေါ့ ပေါ်မလာ၊
မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊
ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ၊
ချောင်းအစွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊
မဗေဒါက တစ်ပင်တည်း။
အယက် အကန် ခံလို့
ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ။ ။
(ဆရာ ဇော်ဂျီ )


ငယ် တို့ငယ်ငယ်တုန်းက မေမေချော့သိပ်နေကြသီချင်းလေးပါ...မေမေက ငယ်တို့ကိုသိပ်ရင် တခါတလေ ပရိတ်ကြီး ၁၁ သုတ်ရွတ်တယ်.. တခါတလေ ဗိမ္မသာရ သီချင်း ဆိုတယ် တခါတလေ ဗေဒါလမ်းသီချင်းဆိုတယ်... ငယ်ကတော့ ဗေဒါလမ်းသီချင်းကို အကြိုက်ဆုံးပဲ.... တခါတလေ ငယ် စိတ်ဖိစီးမှုတွေများလာရင် အားပေးမယ့်မေမေ အနားမှာမရှိချိန် အဲ့သီချင်းကို ညည်းနေတတ်တယ်... မေမေအငွေ့အသက်ကို ပြန်ခံစားမိသလို ဗေဒါမလေးက ငယ့်ကို အားအသစ်တွေပေးတယ်လေ... ဗေဒါမလေးနဲ့ မေမေနဲ့ပေါင်းပြီး ငယ့်ကို အားပေးနေသလိုခံစားရတယ်... ငယ်လည်း ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်ပါပဲ မေမေ.....

အမတငယ်
၂၇. ဇူလိုင်. ၂၀၀၉ ၆း၅၀ PM

1 comments:

ငှက်ကလေး said...

သူငယ်ချင်းရေ တို့လဲ မေမေ့ကို သတိရပါတယ် ဖတ်သွားတယ်နော် ခံစားသွားတယ်သိလား

လည်လည်လာတာကျေးဇူးနော် တို့လဲ လင့်ခ်ထားလိုက်မယ်နော် သူငယ်ချင်းကို ပျော်ရွှင်ပါစေ သူငယ်ချင်းရေ တို့သွားဦးမယ် အချိန်သိပ်မရလို့ နောက်မှ အားလုံး လာပြန်ဖတ်တယ် အိုကေနော် promise ပေးတယ် ဂတိမတည်ရင် သို့မဟုတ် ညာပြောလို့ရှိရင် ကိုရီးယားမင်းသားနဲ့ ရပါစေတော် နော် ဘိုင် အခုတော့ တာ့တာ

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner