မမြင်နိုင်သော နှောင်ကြိုးလေးများ: ကျွန်မလည်းတရားခံတစ်ယောက်ဖြစ်ခဲ့ဖူးပါသည်

ဒီပိုစ့်လေး က ငယ် ဘလော့တွေလျှောက်လည်ရင်း ဖတ်မိတဲ့ပိုစ့်လေးပါ.. ဖတ်ရင်းနဲ့ ကြိုက်လာပြီး ငယ့်အတွေးတချို့ကိုလည်းဆွေးနွေးချင်တာနဲ့ ဒီပို့စ်ရေးတဲ့ဘလော့ပိုင်ရှင် မစန္ဒီမိုးမြင့်ကို ခွင့်တောင်းခဲ့တာပါ....

တောင်းရမ်းတဲ့သူတွေ (တောင်းစားတဲ့သူတွေလို့ မသုံးချင်လို့ပါ ) များလာတဲ့နောက်ပိုင်းမှာ ငယ်လည်းစိတ်တိုင်းမကျခဲ့ဘူး...။ စိတ်တိုင်းမကျခဲ့ဘူးဆိုတာက သူများတွေ (တချို့ တချို့တွေ) မြင်သလို ကျက်သရေ မရှိဘူး ဘာညာ အဲ့လိုမဟုတ်ပါဘူး...။ စိတ်မကောင်းဖြစ်မိတာပါ...။ တောင်းရမ်းသူတွေများလာတယ် ဆိုတာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအတွက် ကောင်းတဲ့ လက္ခဏာတစ်ရပ်တော့ မဟုတ်ဘူးလေ...။ ကြီးကျယ်လိုက်တာ ပဲ ဆိုချင်ဆို အဲ့လိုပဲစတွေးမိလို့ပါ...။ ငယ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာကိုတော့ အရမ်းချစ်ပါတယ်...။ ဘယ်နိုင်ငံကိုရောက်ရောက် ဘယ်နိုင်ငံက ဗမာတွေကိုဘယ်လိုပြောပြော.. နင်ဘာလူမျိုးလဲမေးရင် နင်ဘယ်ကလာလဲမေးရင် ဗမာ မြန်မာပြည်က လာတာလို့ပဲ ခေါင်းမော့ဖြေတတ်တာ ငယ့်အကျင့်ပါ...။ (လွဲတော့မယ် တော့ပစ်.. ) ။ အဲ့ဒီတော့ ကိုယ့်နိုင်ငံမှာအဲ့လိုမျိုးဖြစ်နေတဲ့အတွက် စိတ်မကောင်းတာပါ...။ နောက်တခုက အဲ့ဒီတောင်းတဲ့သူအတွက် စိတ်မကောင်းတာပါ..။ ကိုယ်ခန္ဓာက အလုပ်တစ်ခုခုကို မလုပ်နိုင်လောက်အောင်ချို့ယွင်းနေတယ်... ဒါမှမဟုတ် အိုမင်းမစွမ်းဖြစ်နေတယ် ဆိုရင်တော့ ငယ် ထည့်ပါတယ်..။ ကလေးငယ်တွေ၊ ကလေးးပွေ့ထားတဲ့ သန်သန်မာမာ အမေတွေတော့ မထည့်ဘူး...။ သူတို့တွေကိုတွေ့ရင် ငယ်အမြဲမီးခိုး ကြွက်လျှောက် တွေးမိတယ်..။ ဘာလို့အလုပ်မလုပ်ချင်ကြတာလဲ..။ ဘာလို့ သူများထက် တဆင့်နှိမ့်တဲ့ ဘဝကို မှ ရွေးချယ်ခဲ့ကြတာလဲ...။ သူလဲလူ ကိုယ်လဲလူကို ဘာလို့ သူများရဲ့ အထင်သေးတဲ့ တဆင့်နှိမ့်ကြည့်ထားတဲ့ မျက်လုံးအောက်မှာ နေချင်ရတာလဲ...။ ငယ့်ဖေဖေက ပြောဖူးတယ်...။ သန်သန်မာမာကြီးနဲ့ တောင်းတဲ့လူတွေကို တွေ့ရင် ငယ်အမြဲပြောလို့လေ...။ ဒီလောက်သန်သန်မာမာကြိးနဲ့ ဘာလို့ တောင်းတဲ့ဘဝမှာ နေချင်တာလဲလို့... ။ ငယ် အဲ့လိုမေးတိုင်းလဲ ဖေ ပြန်ဖြေနေကြ အဖြေက အဲ့လို တောင်းစားကတည်းက သူတို့က လူတွေအားလုံးထက် တဆင့်နိမ့်တဲ့ဘဝကို သူတို့ကိုယ်သူတို့ နှိမ့်ချလိုက်ရပြီတဲ့... ။ ငယ့်ဖေဖေက လာတောင်းတဲ့လူတိုင်းကို ထည့်နေကြပါ...။ ငယ်ကတော့ ဖေ ဘယ်လိုပြောပြော ငယ် မှန်တယ်ထင်လို့ မထည့်ဘူး...။ ဟုတ်တယ်လေ... ဘယ်သူက သူတို့ကိုနှိမ့်ချနေလို့လဲ...။ သူတို့ဘာသာ သူတို့ ဒီလမ်းးကိုရွေးခဲ့တာ... ။ လက်ဖက်ရည်ဆိုင်မှာ ထမင်းဆိုင်မှာ ပန်းကန်ဝင်ဆေးလေ..။ စားပွဲထိုးလေ..။ သန့်ရှင်းရေးလုပ်လေ...။ အလုပ်ရှားနေတယ် နေရာမပေးချင်ကြဘူး မပြောပါနဲ့....။ ကိုယ့် ဝီရိယနဲ့ ပဲ ဆိုင်ပါတယ်...။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ...။ (သူခိုးအလုပ်တို့ ငလိမ်အလုပ်တို့တော့ မဟုတ်ဘူးပေါ့ )။

ဒါသူတို့ရဲ့ အတိတ်ကံကြောင့်မလွှဲသာလို့လို့ရော ပြောဦးမလား...။ ကံဆိုတာအလုပ်ပါ..။ ရှေးကံကြောင့် မတတ်သာလို့ ဒီဘဝကို မရောက်ချင်ပဲ ရောက်ခဲ့ရပါတယ်ဆိုရင်ရော...။ ဒီဘဝထဲမှာပဲ ရေစုန်မျောလိုက်တော့မှာလား...။

နောက်တခုက ကလေးတွေကို တနေ့ဘယ်လောက်ရမှအိမ်ပြန်ခဲ့ဆိုပြီး ခိုင်းနေတဲ့ အမေတွေပါ...။ သူတို့မှာ မိခင်စိတ်ဆိုတာ မရှိတော့ဘူးလား တွေးမိတယ်...။ လက်ဦးဆရာ ဘဝမှာ သူတို့က ပြန်ခိုင်းနေတယ်ဆိုတော့ မိဘ ဆိုတာ တခါတလေ သားသမီးတွေရဲ့ ရန်သူလို့ ပြောခဲ့ဖူးတဲ့ ဆရာတော် ရှင် အာဒိစ္စ (စာရေးဆရာ ဦးဆန်းလွင်) ရဲ့ စကားကိုပဲ ထပ်ခါထပ်ခါ ထောက်ခံမိပါတော့တယ်...။ သူတို့ အဲ့လောက်တွေးမိဖို့ ဥာဏ်မမီဘူးလို့ပြောဦးမလား...။ ဒါဆို မိခင်စိတ် ကရော....။ တိရစ္ဆာန်တွေတောင် သူတို့သားသမီးတွေကို ပစ်ထားဖို့မပြောနဲ့ အသက်နဲ့ရင်းပြီး ကာကွယ်ကြတာပါ...။ မိခင်ဆိုတာ အဲ့တာပါ...။ ဖခင်ထက်ကို ပိုပြီး သားသမီးအတွက် အသက်နဲ့ရင်းရဲတာ မိခင်ပါ...။ အဲ့တာကို သူတို့က တနေကုန် သွားချင်ရာသွား နေချင်သလိုနေ စားချင်သလိုစား အိမ်ပြန်လာရင် တယောက်ကို ၅၀၀ ပါလာရင်ပြီးရောတဲ့...။ တနေကုန် ဘာဖြစ်ဖြစ် သေသေရှင်ရှင် အိမ်ပြန်လာရင် ငါးရာစီပါလာရင်ပြီးတာပဲပေါ့...။ စားဝတ်နေရေးကြောင့်လို့ လွှဲမချပါနဲ့...။ ဒါဆို သူအလုပ်ထွက်လုပ်လေ...။ မစန္ဒီရဲ့ ပိုစ့်ထဲက မိန်းမဆို နဂိုလုပ်နေတဲ့ ပန်းရံအလုပ်ကိုတောင် မလုပ်တော့ဘူးတဲ့...။ သူက သူများကလေးကိုတောင် ငှားပြီးတောင်းစားလိုက်သေးတယ်တဲ့...။ ဖြစ်မှဖြစ်ရလေ...။ သူတို့ဘာသာသူတို့ ကိုယ့်ဘဝကို နှိမ့်ပြီး ရေသာခို အချောင်လိုက်နေတာကိုတော့ ငယ်က ကြားထဲကနေ ကိုယ့်ပိုက်ဆံအကုန်မခံနိုင်ပါဘူး...။ ကိုယ့်သဒ္ဓါစိတ်နဲ့ကိုယ် အလှူလို့သဘောထားပြီး ပေးကမ်းနေတဲ့ သူတွေကိုတော့ မတားလိုပါဘူး...။ ဒါ သူတို့ လွတ်လပ်ခွင့်နဲ့သူတို့လေ..။ အမှန်တော့ လူတစ်ဦးစီရဲ့ ပင်ကိုယ်စိတ်ဓာတ်ပါပဲ...။ နောက်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်း တိုးတက်မှုပေါ့...။ အဲ့လိုပြောပေမယ့် နိုင်ငံကြီးတွေမှာလဲ begger တွေ ရှိနေတာပါပဲ..။ ငယ်က ယေဘုယျ ပြောတာပါ...။

သူတို့အပေါ်မြင်တဲ့ ငယ့်အတွေး ငယ့် အမြင်က စိတ်ထား နူးညံ့တဲ့ သနားစိတ် ကရုဏာစိတ် ကြီးမားတဲ့ သူတွေရဲ့ အတွေးနဲ့တော့ ဆန့်ကျင်ဘက်ပါ...။ အဲ့အတွက် အဲ့လိုစိတ်ရှိတဲ့သူငယ်ချင်းတို့ရဲ့ အမြင်နဲ့ကတော့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေမှာလေ...။ နေရာတော်တော်များများမှာ ဖေဖေ့အယူအဆ အတွေးအခေါ်တွေ အားကျလွမ်းမိုးခံရတဲ့ ငယ် က ဒီနေရာမှာတော့ ဖေနဲ့ တောင် ဆန့်ကျင်ဘက်ဖြစ်နေပါတယ်....။ ဒါပေမယ့် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတယ်မဟုတ်လား...။ အဲ့လိုပြောပေမယ့် ငယ် သူတို့ကို ဘယ်တော့မှ နှိမ့်ချတဲ့အကြည့် မတူမတန်တဲ့အပြုအမူ မျိုးတခါမှ မပြုမူခဲ့ဖူးပါဘူး..။ "မရှိသေးဘူးကွယ်.. ကန်တော့ပါတယ်ရှင့်.." အဲ့လိုပဲပြန်ဖြေနေကြပါ...။ တခါတလေလည်း သူတို့တွေ (အဓိကကတော့ ကလေးငယ်လေးတွေ) ဘေးနားလာရပ်နေရင် ဘယ်လိုမှ စိတ်ထဲမနေနိုင်တော့ရင် ငယ်စားနေတဲ့စားပွဲပေါ်မှာ လာတင်ထားတဲ့ အချိုပွဲတို့ဘာတို့ယူပေးလိုက်ပါတယ်...။ ပြီးတော့ ကိုယ်ပိုက်ဆံရှင်းလိုက်တယ်လေ...။ သူငယ်ချင်းတို့နဲ့ ငယ့်အမြင် မတူညီခဲ့ရင် ... သူငယ်ချင်းတို့လည်း လွတ်လပ်စွာ ယူဆ ထင်မြင်နိုင်ပါတယ်...။ ငယ့်အမြင်ကို ငယ့်ဘက်က ဆွေးနွေးပြောပြရုံပါ....။ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတယ်ဟုတ်....။

အမတငယ် 22. 08. 2009. Sat: 7:00 PM

6 comments:

မောင်လုလင် said...

တခါတလေ အဲဒီ့လိုကလေးလေးတွေ လာရင် သူတို့ကိုတခုခုပေးလိုက်ရင် တချို့ကလေးတွေက ဆုတွေဘာတွေတောင်းပေးတယ် တချို့ကျတော့ ရပြီဆိုတာနဲ့ ထွက်ပြေးတယ် ..အဲဒီ့လိုကလေးတွေဆိုရင် ဆွဲခေါ်ပြီးတော့ ဘာလို့ဆုမတောင်းတာလဲပေါ့ .. တခါတလေကျရင် သူတို့ကို ကိုယ့် အနားထိုင်ခိုင်းပြီးတော့ သေသေချာချာ ဆွေးနွေးတယ် ဘာလို့လဲ ဘာညာပေါ့ .. ဘာဆက်လုပ်ပါလား ဆိုတာကလေးတွေတော့သူတို့ ကို တွေးပေးလိုက်တယ် ဗျ.. မှားရင်လည်းမှားမပေါ့ ဗျာ.. ကျွန်တော် အဲလိုလုပ်တာ .. အတွေးနဲ့အမြင် များမတူညီခဲ့ရင်လည်းခွင့်လွှတ်ကြပါ

မေဇင် said...

ငယ်ရေ....တွေ့ဖူးတာပေါ့ အများကြီး ၊ ... တွေ့တိုင်း စိတ်မကောင်းဖြစ်ရတယ်....။ ကိုယ် တတ်နိုင်တာလေး တော့ လုပ်ပေးလိုက်ပါတယ်..။

Unknown said...

ငယ်နဲ့ ကိုယ်နဲ့အယူအဆချင်းတူတယ်ဆိုရမယ်...
တကယ်တော့ ကိုယ်က သနားတက်တယ်... သူ့ဘာသာ နေပူထဲမှာ အလုပ်လုပ်နေတဲ့လူကိုတောင် ကြည့်ပြီး သနားချင်သနားတက်တာမျိုး... အဲလိုပဲ ခရီးသွားရင်း သက်ကြီးရွယ်အိုတွေတွေ့ရင်လဲ သနားတက်ပါတယ်...
ငယ်ပြောသလို... တကယ်ကို သူတို့မှာ ဘ၀ကိုအရှုံးပေးထားရတဲ့အရွယ်ဆိုရင်တော့ ၊အခြေနေမျိုးဆို ကိုယ်လဲ လှူပါတယ်...အဲ ...တစ်ခုတော့ရှိတယ်..ဒါကိုယ့်အမြင်ပါ..တစ်ချို့ မယ်ဒလင်တို့၊တယောတို့တီးပြီး အလှူခံတဲ့သူတွေကျ ကိုယ့်အမြင်က တစ်မျိုး..တောင်းစားသူလို့မမြင်ဘူး သူတို့တက်တဲ့အနုပညာနဲ့ လူတွေကိုဖျော်ဖြေပြီး အနုပညာကြေးနဲ့ ရပ်တည်တယ်လို့မြင်မိတယ်...
ဒီလောက်ပါပဲ... စိတ်မကောင်းသော်လည်း အားလုံးကိုတော့ လိုက်ပြီး မပြုပြင်နိုင်တော့လဲ ...သဗ္ဗေသတ္တ ကာမသကာ....
ညီမရေ...အောင်မြင်ပါစေ...:p

ကာရံဆူး said...

ငယ်ရေ..ကာရံလည်း အရမ်းသနားတတ်တာ...ဆိုက်ကားဆရာတွေ နေပူထဲချွေးတလုံးလုံးနဲ့ နင်းနေရတာကို အားနားလို့ ဆိုက်ကားတောင် မစီးဘူး...အဖေက သမီးအဲ့လို မစီးရင် သူတို့ ပိုက်ဆံဘယ်လို ရှာမလဲတဲ့..ကာရံလဲ တောင်းရင် လူတိုင်းတော့ မထည့်ပါဘူး..သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းလောက်သာ ထည့်တာ..ကလေးတွေနဲ့ သန်သန်မာမာတွေဆို မထည့်ဘူး..ကလေးတွေကို ဒီလိုမျိုး အလွယ်လမ်းကို အားမပေးချင်လို့ပါ..သူတို့ ရဲ့ ဘ၀လေးတွေက အညွန့် တလူလူနဲ့ ပါ..လိုရာ ပုံသွင်းနိုင်တယ်လေ..သူတို့ ခေါင်းမှာ ဒါဟာ မကောင်းပါလားဆိုတဲ့ အတွေးကို တွေးနိုင်စေချင်တယ်...လက်ဦးဆရာက မိဘတွေပါပဲ..လောကမှာ လူအမျိုးမျိုးဆိုတော့လဲ ကိုနွေသစ်ပြောသလိုပါပဲ..သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့...ငယ်ရယ်..

ဝက်ဝံလေး said...

ငယ်ရေ ဖတ်သွားတယ်နော် ဘာပြောရမှန်းတောင် မသိဘူးကွယ်
မိဘတော့ မိဘ ပေါ့ကွယ် ဒါပေမယ့်.......


ငယ် လူဇိုးးးးး ဘာတဲ့ များဖြေပြီးမှ အဖြေတွေ လာပြောမလို့ဆိုပဲ ဟွန်းးးးးး

ဝက်ဝံလေး said...

ငယ်ရေ စောစောက လောလော နဲ့ဖတ်သွားလို့ အခုမှ သေချာ လာပြန်ဖတယ် ကွယ်
ဟုတ်တယ် သိလား ငယ် နဲ့ Bio ဆရာမနဲ့အမြင်ချင်းတူတယ် ဆရာမကလဲ အဲလိုပဲ လေ ဘာလို့ တောင်းစားတာတုံး အလုပ်လုပ်ပါလားလို့ မေးလိုက်ချင်တယ် တဲ့ အဟက် ရိုက်ပေါက်နော် ဟိဟိ

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner