မေလေးရဲ့နားနေရာ: သူနဲ့အတူ


သူနဲ့အတူ

ထပ်လို့ရနိုင်သမျှ
ခြေရာတွေထဲမှာလည်း
ၾကည္နူးရႊင္ပ်
ပျော်ဖူးချင်ရဲ့....သူနဲ့အတူ ။
အနီးက ရွက်ဝါ
အဝေးက လိပ်ပြာ
မြင်မြင်သမျှမှာလည်း
ပြုံးရွှင်ပျော်မြူး
ရယ်ဖူးချင်ရဲ့....သူနဲ့အတူ ။
တစ်ယောက်တစ်ဖက်
ခိုင်မြဲ တွဲလက်
ထာဝရတိုင် မြဲမယ်လို့လည်း
ယုံကြည်ချင်ခဲ့ ....သူနဲ့အတူ ။
ဒါပေမယ့်လေ
မျှော်ဖူးခဲ့တဲ့ အပျော်
ပြုံးချင်ဖူးတဲ့ အရယ်
ယုံချင်ခဲ့တဲ့ တွဲလက်
သူမဖျက်ပါဘဲ
သူမတွယ်လေအောင်
ကိုယ်ကပင် ဝေးစေရမည်မို့.....

4 comments:

ဝက်ဝံလေး said...

အင်းးး မေလေး အစား ခွေးတွေရော ကြောင်တွေရော လွှတ် တယ်ကွယ် ဟဲဟဲ

ဂျေဂျူဝိုင် said...

ကိုယ်ကပင် ဝေးစေရမည်မို့. တဲ့လားဗျာ။ နီးချင်ပါတယ် ဆိုမှ

maylay said...

ငယ်ရေ ယူသာယူ ။ မေလေး အိမ်ကို မဖွင့်အားလို့ မသိတာပါ။ ရတယ် ။ မေလေးတောင် ကျေးဇူးတင်သေးတယ်. ကိုယ့်ကဗျာကို အဟီးးးTHE BEST များ စာရင်းထဲ ထည့်ပေးလို့ နော်။ ကျန်းမာပျော်ရွှင်ပါစေ။ နောက်လာလည်အုံးမယ်နော့်

ငှက်ငယ်လေး said...

ဆုတောင်းပြည့်ပါစေမမရေ

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner