မရည်ရွယ်ပဲ လုပ်ဖြစ်လိုက်တဲ့ ဒီဘလော့လေးမှာ ကျေးဇူးတင်ထိုက်သူတွေ ရှိပါတယ်.. ငယ် မရေးဖြစ်သေးတာ ခွင့်လွှတ်ပေးပါ ကျေးဇူးရှင်တို့ရေ ( သာယာနဲ့ ချိုမြိန် .. မြောက်မသွားနဲ့ဦးနော်... ဟွန်း..)

ဘလော့လုပ်ပါလားလို့ စပြီးအကြံလည်းပေး လုပ်လည်းပေးတဲ့ ကျေးဂျူးချင်ကတော့ သာယာပါ.. Mr. Thar yar pwa lay လို့ ( ရူးသလို ပေါသလိုနဲ့ ) နာမည် တပ်ထားတဲ့ ဘလော့ပိုင်ရှင် သူငယ်ချင်းလေးပါ.. ကျေးဇူးပါ သာယာရေ.. ငါ့စိတ်ထဲ မခံစားနိုင်တော့တာတွေ သွန်ချစရာ နေရာလေး ဖန်တီးပေးတဲ့ အတွက်....

နောက် တစ်ယောက်ကတော့ ဂျစ်တယ်ရင်းလေး ချိုမြိန်ပါ... ကျိုးပျက်သွားသော နှလုံးသားကာရံများ ဆိုတဲ့ ဘလော့ပိုင်ရှင် လေး ချိုမြိန် နှလုံးသား ပါ..။ ကျေးဇူးပါ ချိုမြိန်ရေ.. ငါမကြိုက်မချင်းပြောင်းပေးတဲ့ template လေး အတွက်..၊ ပြီးတော့ နှင်းလေးတွေ အတွက် ....၊ ပြီးတော့ ငါ့ကို စိတ်ရှည်လက်ရှည် အစစကူညီပေးတဲ့အတွက်...

နောက်ပြီး.. နှင်းကျတာလေးထည့်ရင်ပိုလှမယ်လို့ အကြံပေးတဲ့ code ပေးတဲ့ မောင်လေး လေးတစ်ထောင်၊ template ပြောင်းသွားတဲ့အတွက် ပြန်မထည့်ဖြစ်တော့ပေမယ့်.. လှတီးလှတ အပြင်အဆင်လေး တွေအတွက် code လေးတွေပေးတဲ့ တူယေး၊ နောက်ပြီး link ချိတ်ခွင့် ပေးကြတဲ့သူငယ်ချင်းများအားလုံး၊ ငယ့်ရဲ့ ကပေါက်တိကပေါက်ချာ ကကျိုးကကြောင် ဗလွတ်ရွှတ်တ ဟိုမရောက်ဒီမရောက် (ဘာကျန်သေးလဲ..) ဝတ္တုမဟုတ် ဘာမဟုတ် စာစုလေးကို အားပေးတဲ့ သူငယ်ချင်းများ၊ comment လေးတွေပေးကြတဲ့ သူငယ်ချင်းများ ၊ နဲ့ လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးကမ္ဘာပါရှင်... ။

3 comments:

ဇီးကုန်းသာယာ said...

လာဖားနေသေးတယ်.... (တိန်) စတာနော် မိငယ်.. ဟီးဟီး ဆက်ရေး... ဆက်ရေး.... အားပေးတယ်.... :D

သုည said...

ဂျစ်ကလည်း..ဒီအတိုင်းကျေးဇူးတင်လို့တော့ဘယ်ရမလဲကွယ်..

ဟင်း ဟင်း ဟင်း..သိတယ်နော်..။းP

အားပေးတယ်နော်..ရဲဘော် ဆက်လုပ်...

linmgmg said...

ငယ်ရေ....လာလည်သွားပါတယ်။ ကျနော့်ဘလော့ခ်ကိုလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ငယ့်ဘလော့ခ်လေးက ဆွဲဆောင်မှုအပြည့်ရှိပါတယ်။ နောက်လဲ လာလည်ပါဦးမယ်။

*လင်းလင်း (Planet)

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner