Wednesday, August 26, 2009

ချစ်သူသို့

ချစ်သူသို့

ချစ်သူ့မျက်နှာ၊ သာသည့်လမင်း၊
ငွေရောင်လင်းလို၊ တမ်းတမှန်းမျှော်၊
အိပ်မပျော်ည၊ ကျော်ဖြတ်ရသည်၊
အသက်မျှချစ်သူ သိပါစေ။

လမင်းငွေရောင်၊ တိမ်မည်းမှောင်ကြား၊
ပုန်းကာသွားသော်၊ မျှော်ရသူမော၊
စောကြောစိတ်ဖြာ၊ မနေသာသည်၊
ချစ်သူလမင်း လင်းပါစေ။

လရောင်ဆန်းမှ၊ လန်းမယ့်ငွေကြာ၊
ပဒုမ္မာလို၊ ဝတ်ရည်ပိတုန်း
နှစ်ကိုယ်ပြူံးဆိုင်၊ ဆုံးတိုင်ချစ်မည်၊
ချစ်သူထွေး၍ နွေးပါစေ။

အမတငယ်

ငယ် ကျောင်းတုန်းက ရေးထားတာပါ...။ ကဗျာစည်းမသိဘာမသိနဲ့ စိတ်ထဲရှိသလိုရေးထားလို့ ရီနဲ့နော်....

အမတငယ် 26.08.2009; Wed; 7:13 P.M.

6 comments:

မေဇင် said...

ကျောင်းတတ်တုန်းကရေးထားတာ ဆိုတော့ ခံစားချက်အမှန်တွေပေါ့... ဖတ်လို့ကောင်းတယ် ငယ်..။

မေဇင် said...

ကျောင်းတတ်တုန်းကရေးထားတာ ဆိုတော့ ခံစားချက်အမှန်တွေပေါ့... ဖတ်လို့ကောင်းတယ် ငယ်..။

yangonthar said...

ကဗျာလေးအရမ်းကောင်းတယ် ချစ်သူ ပေါ်ထား
တဲ့ မေတ္တာတွေကို အရှင်းသားမြင်နေရပါတယ်
အေးမြသာယာပါစေ
ရန်ကုန်သား :D

သားကြီး said...

မရီဘူး..
ငိုသွားတယ်...
အီး...ဟီး...ဟီးး
နာ့ချစ်သူကိုလွမ်းအောင်လုပ်တဲ့ကဗျာ
နာ့ဒဏ်ရာကို အသစ်ပြန်ဖွင့်တဲ့ကဗျာ
ရေးသူကိုရော..
ကဗျာကိုရော..... ကျေနပ်ဖူး...:P
စတာပါကွယ်...
ကျောင်းတုန်းကရေးတဲ့ကဗျာကလဲ
ကြည်စင်သိမ်မွေ့လို့ပါလား
မဟုတ်မှာလွဲရော
ကျောင်းတုန်းမှာ....
ခံစားချက်ကလေးတွေ ရှိခဲ့တယ်နဲ့တူတယ်...။
မဟုတ်ဘူးလို့မညာနဲ့လေ..
ဒီကဗျာက သက်သေရှိနေပြီ ဟဟ :)

ကာရံဆူး said...

ကျောင်းတုန်းက ဇာတ်လမ်းလေး ရှိရင်ပြောပြပါ...ဖတ်ချင်ပါတယ်...:P

မောင်နွေသစ် said...

ကဗျာ စည်းသိသိမသိသိ ကဗျာဟာ ကဗျာပါပဲ...
ဒါနဲ့ ...တစ်ခုတော့ ပြောချင်တယ်...ငယ်ရေ...
လရောင်နဲ့ ပွင့်တာ ကုမုဒြာ မဟုတ်ဘူးလားလို့...

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner