ငှက်လေး တဂ်ထားတဲ့ ပဟေဠိကို မေးတုန်းကမေးထားပြီး အဖြေပြောဖို့ မေ့နေတယ်... အဟီးး (ဘူမှလဲ စိတ်ဝင်တစားသိချင်နေကြဘူး ထင်တာပဲ... ဒါပေမယ့် အိုက်တင်ဆက်ခံဦးမှ... ) အဖြေတွေပြောမယ်နော်...
နံပတ် (၁) အဖြေက လက်သည်းညှပ်တဲ့ အလုပ်လေ.... အဟိ... လက်တစ်ဖက်က ဒီလောက် အလုပ်ရှုပ်နေတာကို နောက်လက်တစ်ဖက်ကလည်း အားနေရက်နဲ့ ဘယ်လိုမှကို မကူနိုင်တာ... ဟီးးး

နံပတ် (၂) က တော့ ငယ်ငယ်တုန်းက မဂ်လာမောင်မယ် ထဲက ဖတ်ဖူးတဲ့ဟာပါ... လူ့အဆုတ်က စကာကွက်သေးသေးလေးတွေလိုနဲ့ ဖွဲ့စည်းထားတာတဲ့... အဲ့တာကို တလွှာတည်းဖြစ်အောင် ဖြန့်လိုက်ရင် တင်းနစ်စ်ကွင်းတကွင်းနီးပါး ကျယ်တယ်ဆိုပဲ... ( သက်တန့်ချိုရေ ဖတ်မိရင် ဟုတ်လား ပြန်ပြောပြဦးနော့်... ငယ်တော့ ဖတ်ဖူးတာကို ပြောတာ.... )

နံပတ် (၃) ကလည်း ဖတ်ဖူးတာပဲ... ဘဲတွေရဲ့ အသံတဲ့ဗျ.... ( နေဦး... အချိန်ရမှ ဘဲတကောင်လောက်ဖမ်းပြီး... ညောင်ဦးက ဂူကျောင်းတဲ့ ဂူတွေထဲဖမ်းသွားပြီး အော်ခိုင်းကြည့်ဦးမယ်.... )

အဟီးးး ဒါဘဲဗျာ...

အမတငယ် 27.08.2009; Thu; 12:04 P.M.

6 comments:

ငှက်ငယ်လေး said...

တိန် မှတ်ကရောပဲ...

အားရပါးရဖြေလိုက်တာ လက်ဝါးလောက်နီးနီးတဲ့
တင်းနစ်ကွင်းနဲ့ လက်ဝါးနဲ့ သိပ်ကွာလောက်ဖူးနော်
ဟဟဟဟဟ
ရယ်ရတယ် ဗျဲ.........
ချိတ်နာလိုက်တာဂျာ
မချိမဲချိမဲ ရှက်လေးတွေကွဲပါပီ

ငှက်ငယ်လေး said...

နံပါတ်ယူဖို့ မေ့သွားတယ်...
နာ ၁၁၁၁၁၁၁၁၁၁၁၁၁၁၁ ကွ

သားကြီး said...

အေးကွယ်
ကိုက လက်တွေ့သမားဆိုတော့
လက်တွေ့မှပဲယုံတယ်
ဒီတော့....
ဘဲတစ်ကောင်အမြန်ရှာပေတော့
အဲ..အဲ
လူလိုစကားပြောတဲ့ဘဲနဲ့တော့မှားပြီး
ဖမ်းမလာနဲ့နော် ဟီးးးး
(ပျော်ရွှင်စွာစသွားသည်)

ဝက်ဝံလေး said...

အင် ဂလိုဆိုရင် နာ ဖြေတာလဲ မှားတာပေါ့ ဟုတ်ရား ဟွန်းးးးးး

Angel Shaper said...

သားကြီးပြောသလို သမီးကြီးလဲ လက်တွေ့သမားပါ။
ဘဲတစ်ကောင်.. စကားမပြောတတ်တဲ့ဘဲနော်။
ဟဲဟဲ

မေဇင် said...

ဟမ်..နာက မေးခွန်း ပိုစ့်ကို မဖတ်မိပဲ အဖြေကိုလာကြည့်မိတယ်...း)) ဟိဟိ မေးခွးန်းသွားကြည့်ရင် လွယ်လေး ဖြစ်တော့မယ်...

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner